တစ်အိမ်လုံးအနှံ့ရှာကြည့်ပေမယ့် Jimin ကိုမတွေ့ရသောကြောင့် Jungkook စိတ်ပူလာသည်။ ဖုန်းဆက်သော်လည်း မကိုင်သောကြောင့် ပိုစိတ်ပူရသည်။ Hoseok ဆီဆက်လည်း စက်ပိတ်ထားသည်။ သူတို့နှစ်ယောက် ဘယ်တွေသွားကြတာလဲ Kim အိမ်တော်ကိုများ သွားကြတာလား ငါလိုက်သွားရမယ် ။ အပေါ်ဝတ်တစ်ထည်ကိုယူလိုက်ပြီး Kim အိမ်တော်ဆီသို့ Jimin နဲ့ Hoseok ကိုရှာရန် ကားမောင်းကာထွက်သွားတော့သည်။ Jungkook ထွက်သွားပြီး Jimin ရဲ့ကားလေး ခြံထဲသို့မောင်းဝင်လာသည်။" Jimin ah မင်းအတွက် အသက်အန္တာရယ်ရှိနေပြီ အဲ့လူတွေကို ထောင်ထဲထည့်ကြမလား ''
" ဘာသက်သေနဲ့လဲ Hoseok ''
" ဟုတ်သားပဲကွာ အားး Jungkook ကိုခေါ်ပြီး တစ်နေရာရာမှာ ခနလောက် ရှောင်နေကြပါလား ငါကူညီပေးမယ် ''
Hoseok ပြောတာကို နားထောင်ပြီး Jimin လည်း သဘောတူလိုက်သည်။
" အေး မင်းပြောသလိုလုပ်ကြည့်မယ်လေ လာ Jungkook ကို သွားပြောရအောင် ''
" အေး မင်း Jungkook ကို သွားခေါ်လိုက် ငါအောက်ကနေပဲစောင့်နေတော့မယ် ''
" အေး ဗိုက်ဆာရင် မီဂျင်းကိုတစ်ခုခုလုပ်ခိုင်းလိုက် ''
" အေးပါကွာ ''
Jungkook ကို ခေါ်ရန်တက်သွားပေမယ့် တစ်ယောက်ထဲပြန်ဆင်းလာသော Jimin ကို Hoseok က
" Jungkook ရော ''
" သူမရှိတော့ဘူး ဘယ်သွားတာလဲမသိဘူး ''
" ဟင် မင်းအမေကိုမေးကြည့်ပါလား ''
" မေမေရယ် Jungkook ရော ''
မီးဖိုထဲတွင် ချက်ပြုတ်နေသည့် Jimin ရဲ့အမေက
" သားတို့နှစ်ယောက်က ဘယ်လိုဖြစ်ကြတာလဲ မနက်က Jungkook က သားကို ရှာတယ် ဟော ခုကျတော့ သားက Jungkook ကိုရှာတယ် ရန်ဖြစ်ကြပြန်ပြီလားကွယ် ''
" မဟုတ်ပါဘူး ဒီအတိုင်း မတွေ့လို့မေးကြည့်တာပါ ''
" အေးအေး လုပ်နေလိုက်ကြ တွေ့ရင်ရန်ဖြစ် မတွေ့ရင်လည်း တစ်ယောက်နဲ့တစ်ယောက်ရှာကြ မနိုင်ဘူးကွယ် ''
ပွစိပွစိပြောရင်း အပေါ်ထပ်တက်သွားသော Jimin ရဲ့ အမေ။
" Jimin ah မဟုတ်မှလွဲရော Kim အိမ်တော်မှာ မင်းကိုရှာဖို့သွားတာများလား ဖုန်းဆက်ကြည့်ပါလား ''
YOU ARE READING
မင်းကိုမချစ်ဘူး ( Completed)
Fanfictionမင်းကို နာကျင်မှုတွေပဲပေးလို့ ငါ့ကို မချစ်ပါနဲ့