" အမေ သားပြန်လာပြီ အမေ မရှိဘူးလား ''
TV ရှေ့တွင်ဇိမ်ကျနေသော မီဂျင်းက Jimin ပြန်လာတာကိုသတိမထားမိလိုက်ပေ။
" ဟေ့ အမေရော ဟေ့ မီဂျင်း ''
အော်လိုက်မှ လန့်ကာ
" ဟို ဟို အလုပ်ကိစ္စနဲ့အပြင်ထွက်သွားတယ် ပြီးတော့ အစ်ကိုလေးကိုလည်း ပြောဖို့မှာထားတာရှိတယ် ''
" ဘာလဲ ''
" မနက်ဖြန်အရေးကြီးတဲ့ ဧည့်သည်တွေလာမှာမို့ ညဥ့်နက်အောင်မနေဖို့ပါ အစ်ကိုလေး ''
" ဘယ်ကဧည့်သည်လဲ ''
" အဲ့တာတော့ မသိဘူး ''
" ကျွတ် အမေကတော့ ဘာတွေကြံပြန်ပြီလဲ မသိဘူး ငါ့ကျောင်းဝတ်စုံတွေအဆင်သင့်ဖြစ်အောင်သွားလုပ်ပေး ''
" ဟုတ် အစ်ကိုလေး ''
Jimin လည်းစိတ်ရှုပ်ရှုပ်နဲ့ရေချိုးခန်းထဲဝင်သွားလေတော့သည်။
အိမ်နှစ်အိမ်ကတော့ အဆင်ပြေရန်လမ်းကြောင်းရှိသော်လည်း တစ်အိမ်မှာက ဒေါသတွေနဲ့ပြည့်နှက်နေသည်။ ထိုအိမ်ကား Kim အိမ်တော်ပင် ။ Kim CEO မှာ အသက်နဲ့အလားတူချစ်ရသည့် Kim Taeyeon နဲ့ အစ်ကိုဖြစ်သူရဲ့သား Kim Taehyung တို့ရှိကြလေသည်။ မိဘနှစ်ပါးလုံး ကားအက်ဆီးဒင့်နဲ့ပွဲချင်းပြီး ဆုံးသွားကြတော့ သားဖြစ်သူကို ညီဖြစ်သူမှမွေးစားခဲ့သည်။ အစ်ကိုဖြစ်သူရဲ့စည်းစိမ်ဥစ္စာတွေကို အပိုင်သိမ်းကာ သူ့သားကို တာဝန်အရ ပညာတတ်အောင်သင်ကြားပေးပြီး ကန်ထုတ်ရန်စီစဥ်နေကြသည်ကို Kim Taehyung ကသိသွားပြီး ကန့်လန့်တိုက်ကာနေသည်။
" Taehyung ဘယ်ကနေပြန်လာတာလဲ ''
" အပြင်ကနေပြန်လာတာလေ မမြင်ဘူးလား ''
သူ့ကိုကန့်လန့်တိုက်ကာ ပြောနေသည့် Taehyung ကို Taeyeon က စိတ်မရှည်ဟန်နဲ့
" နင့်ကိုအလိုလိုက်နေကြတော့ နေချင်သလိုနေနေတာလား အိမ်မှာဘာတွေဖြစ်သွားလဲဆိုတာလည်း နင်မသိဘူးလား ''
Taehyung မဲ့ပြုံးပြုံးလိုက်ကာ
" ဘာဖြစ်လို့လဲ အစ်မ ''
YOU ARE READING
မင်းကိုမချစ်ဘူး ( Completed)
Fanfictionမင်းကို နာကျင်မှုတွေပဲပေးလို့ ငါ့ကို မချစ်ပါနဲ့