မင်းကိုမချစ်ဘူး 18

2.1K 200 5
                                    

" Jimin ssi နေမကောင်းဘူးလား ''

တစ်မနက်လုံး စကားမပြောဘဲနေတဲ့ချစ်ရသူလေးကို Jungkook စိုးရိမ်စွာမေးလိုက်တော့ စိတ်မရှည်ဟန်နဲ့

" ဘာမှမဖြစ်ဘူး Jungkook အလုပ်သွားတော့လေ ငါ့အနားမှာကပ်တွယ်မနေနဲ့တော့  ''

" ဟင် ကပ်တွယ်မနေနဲ့တော့ဟုတ်လား ကိုမင်းကိုစိတ်ပူလို့လေအခုဒီလိုတွေဖြစ်နေတော့ပိုစိတ်ပူလာပြီ ''

" ဘာမှမဖြစ်ဘူးလို့ပြောနေတယ် ကျေးဇူးပြုပြီး တစ်ယောက်ထဲပေးနေလို့မရဘူးလား ငါတောင်းဆိုနေတာပါ Jungkook ''

မျက်ရည်ဝဲကာ ပြောလာသည့်သူ့ကို Jungkook နားမလည်တော့ပေ။ ဒီရက်ပိုင်း Jimin ကသူ့အနားအကပ်မခံဘူး ရှောင်နေတယ် ကိုဘာတွေ မဟုတ်တာလုပ်လို့လဲ? ဘာတွေကများ မင်းကိုပင်ပန်းအောင်လုပ်နေတာလဲ? Jimin ကိုပိုပင်ပန်းအောင်မလုပ်ချင်တာမို့ Jungkook အလုပ်သွားရန် ဆုံးဖြတ်လိုက်သည်။ 

" ကောင်းပါပြီ ကိုအလုပ်သွားလိုက်မယ် ဒီလိုအခန်းထဲမှာချည်းအောင်းမနေဘဲနဲ့ အောက်ဆင်းပြီး တစ်ခုခုစားပါ အမေလည်း စိတ်ပူနေလိမ့်မယ် ''

" ........''

" ကိုပြောတာ ကြားတယ်မလား ကိုကမနေ့ကတည်းကနေ Jimin ssi ကိုစိတ်ပူနေတာ  ''

" အေးပါ စိတ်မပူဘဲနဲ့ စိတ်ချပြီး  အလုပ်ကိုသာသွားပါ ''

" အင်း ချစ်တယ်နော် ''

".......''

ချစ်တယ်လို့ပြန်ပြောဖို့တောင် ပြန်မပြောနိုင်လောက်အောင် ဘာတွေစိတ်ညစ်နေတာလဲ? Jungkook သက်ပြင်းချကာ Jimin ရဲ့နဖူးကို အနမ်းတစ်ပွင့်ခြွေလိုက်ပြီး ကုမ္ဗဏီကိုသွားလိုက်သည်။ Jungkookသွားပြီးနောက် မျက်ရည်များက အတားအဆီးမဲ့စွာ ပါးပြင်ထက်သို့ စီးကျလာသည်။  

" မင်းရှေ့ရောက်တိုင်းဟောဒီရင်ဘတ်က တစ်ဆစ်ဆစ်နဲ့ နာကျင်လာတယ် ပိုပင်ပန်းးလာတယ် ငါ့ရဲ့ဒီလိုပုံစံကို မင်းမတွေ့စေရဘူး မင်းငိုတာလည်းမမြင်ချင်ဘူး ငါထွက်သွားတော့မယ်jungkook ''

ဆုံးဖြတ်ချက်ချကာ အဝတ်များကို အိတ်ထဲထည့်လိုက်သည်။ လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကိုလည်းထည့်လိုက်ပြီး Jungkook အတွက် စာတစ်စောင်ထားခဲ့ကာ ကားမောင်းပြီး အဝေးတစ်နေရာသို့ မောင်းထွက်သွားသည် ။ သူ့ကားနောက်မှာ ကားတစ်စီးကပ်ပါလာသည်ကို သူမသိလိုက်။

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now