မင်းကိုမချစ်ဘူး 8

3.2K 291 6
                                    

ဒီနေ့ ​Jimin ဆေးရုံဆင်းရမယ့်နေ့။

" သားလေး မေမေ့အိမ်မှာပဲနေကြအုံးနော် နောက်မှပဲ Jungkook တို့အိမ်မှာ သွားနေကြပေါ့ ''

" အင်းပါ ဖြစ်နိုင်ရင် အမေ့ဆီမှာပဲ တစ်သက်လုံးနေချင်တာ ဟွန်း ''

" အမေ့ဆီမှာ နေရင်သားကဆိုးလွန်းတယ်လေ ''

" အမေကတော့လုပ်ပြီ သားကမဆိုးပါဘူးနော် ''

" အမေ့ပေါ်မှာပဲဆိုး Jungkook အပေါ်မှာတော့ ကောင်းကောင်းဆက်ဆံရမယ်နော် ''

" အင်းပါ အင်းပါ ''

" ခနနေ Jungkook လာခေါ်တော့မယ်နော် အဆင်သင့်ဖြစ်အောင်လုပ်ထား အမေဆရာဝန်ဆီသွားလိုက်အုံးမယ် ''

" ဟုတ်''

မဂ်လာဆောင်တဲ့နေက Jungkook ကိုပြန်မြင်ယောင်ပြီး Jimin တစ်ယောက် မျက်နှာနီရဲလာလေသည်။ ဟွန့် ယောကျာ်းနှစ်ယောက်မဂ်လာဆောင်တာ နမ်းစရာလိုလို့လား ။

" မင်းအဆင်သင့်ဖြစ်ပြီလား ''

Jungkook ဝင်လာတာပင်မသိလိုက်

" Jimin ssi အဆင်သင့်ဖြစ်ရင် သွားရအောင် Jimin ssi မကြားဘူးလား ''

" တစ်ခါပြောရင်ကြားပါတယ်နော် ''

" ဖြစ်ရမယ် ''

Jimin ရုတ်တရက်ထလိုက်တော့ ခေါင်းမူးကာ လဲတော့မလိုလိုဖြစ်နေတဲ့ချိန်မှာ Jungkook ကလှမ်းဖက်လိုက်သည်။ ရင်ခွင်နှစ်ခုပူးကပ်တဲ့အခြေအနေမှာ တစ်ယောက်ရဲ့ရင်ခုန်သံကို တစ်ယောက်ကြားရလေသည်။ ရင်ခွင်ထဲရောက်နေတဲ့ ကောင်လေးကို Jungkook မလွှတ်ပေးသေးဘဲ ချီပြီး ခေါ်သွားလိုက်သည်။ Jimin လည်းရှက်လို့ မငြင်းမိပေ ။

သူနာပြုတွေက ကြည့်ပြီး ပြုံးစိစိနဲ့ကြည့်နေကြလေသည်။ တစ်ချို့တွေဆီမှ ' လိုက်ဖက်လိုက်တာ ' ဆိုတဲ့စကားမျိုးကြားရလေသည်။ Jungkook တစ်ယောက်ကျေနပ်စွာပြုံးလိုက်တယ် ရင်ခွင်ထဲကကောင်လေးကတော့ မျက်စိပိတ်ကာ ကိုယ်ချီရာနောက်ကို အသာလေးလိုက်လာလေရဲ့ ။

အိမ်သို့ရောက်ကြသော် သူတို့နှစ်ယောက်နေဖို့ အားလုံးအဆင်သင့်ဖြစ်အောင် မီဂျင်းက လုပ်ပေးထားသည်။ အခန်းလေးမှာ နေချင်စရာကောင်းအောင်သပ်ရပ်လှသည် ။ Jungkook က Jimin ကို ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ရန် အကျီ်ကိုချွတ်လိုက်သည်။

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now