မင်းကိုမချစ်ဘူး 22 ( Final)

5.8K 278 11
                                    


တစ်နေ့တာကုန်ဆုံးပြီး မနက်ဖြန်ရောက်ဖို့ လူတိုင်းက စိတ်လှုပ်ရှားနေကြတယ် ဘာလို့လဲဆိုတော့ မနက်ဖြန်ဆိုတာ လူတွေရဲ့ မျှော်လင့်ချက်ပင်။ ဒီနေ့ဘယ်လောက်ပဲစိတ်ညစ်နေပါစေ မနက်ဖြန်ရောက်ရင် စိတ်ချမ်းသာစရာကိစ္စတွေကြုံရတတ်သည် ဒါပေမယ့် လူနှစ်ယောက်အတွက် မနက်ဖြန်ကား မသေချာမရေရာခြင်းဖြင့်သာ...........။

Jungkook တစ်ယောက် မနက်ငါးနာရီတွင်နိုးနေပြီဖြစ်သည် ။ ဘေးမှာအိပ်တဲ့ ချစ်စရာလူသားလေးကား အိပ်ပျော်နေဆဲပင် ။ ချစ်ရသူလေးနိုးမသွားအောင် နဖူးထက် အနမ်းတစ်ပွင့်ခြွေလိုက်ကာ Kim CEO ပို့လိုက်တဲ့ လိပ်စာအတိုင်းသွားလိုက်တော့သည်။ အခန်းတံခါးကို အပြင်ကနေ lock ချလိုက်ပြီး မီဂျင်းကို ဘယ်လောက်ဖွင့်ပေးဖို့ ပြောပြော မဖွင့်ပေးရန်မှာထားသည်။ ချစ်ရသူလေးအတွက် ဒီလောက်တော့ပေးဆပ်ရမှာပဲ မဟုတ်လား.... ။

Kim CEO ချိန်းထားတဲ့နေရာက မြို့ပြင်က စက်ရုံပျက်.....

Jungkook ရောက်တော့ Kim CEO က ပြုံးလျက်စောင့်နေသည် လက်ထဲမှာလည်း သေနတ်တစ်လက်

" ဟား တကယ်ရောက်လာသားပဲ ''

" ခင်ဗျား ကျွန်တော့်ကို သတ်မှာမလား သတ်မှာဖြင့်မြန်မြန်သတ် ''

" စိတ်မလောပါနဲ့ Jungkook ခနနေ Jimin ရောက်လာရင် သူ့ရှေ့မှာ သတ်ပြမယ် ''

" Jimin ကို ဆွဲမထည့်ပါနဲ့ ကြာတယ်ဗျာ ခင်ဗျားမသတ်ရင် ကျွန်တော်က သတ်ရလိမ့်မယ် ''

ဆိုကာ ခါးကြားထဲမှာပါလာသော သေနတ်ဖြင့်ချိန်လိုက်သည် ။ Jungkook တွင်သေနတ်ပါလာမည်ကို ထင်မထားသောကြောင့် Kim CEO လန့်သွားသည်။ ထိုစဥ် မူယောင်းနဲ့ Taehyung တို့ရောက်လာပြီး

" Jungkook လက်နဲ့သတ်ဖို့မတန်ပါဘူး ''

" Jungkook သူတို့ကိုခေါ်လာတာလား ပြောစမ်း ''

မထင်မှတ်ထားသောသူတွေရောက်လာတော့ သွေးပျက်နေပြီဖြစ်သည်။ မူယောင်းက

" ခင်ဗျား အိတ်ကပ်ထဲမှာ ကျွန်တော့်ရဲ့ ခြေရာခံစက်ပါနေတာကို ခင်ဗျားရဲ့တည်နေရာကို သိရတာပါ Jungkook နဲ့မဆိုင်ပါဘူး ''

" ဘာ ခြေရာခံစက် ဟုတ်လား ''

" အဟင်း ဘယ်လိုလုပ်မလဲ အခုတော့ ပြေးမလွတ်တော့ပါဘူး ''

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now