မင်းကိုမချစ်ဘူး 11 + 12

2.6K 280 9
                                    


အလုပ်သွားမယ်ဆိုပြီးထွက်သွားပြီး အစောပြန်လာသော သားဖြစ်သူကို Park Ari ကစိတ်ပူစွာနဲ့

" ဟယ် သားလေး ဒီနေ့ပြန်လာတာစောနေပါလား နေမကောင်းဘူးလား ''

" မဟုတ်ပါဘူး သားနေကောင်းပါတယ် နည်းနည်းပင်ပန်းနေလို့ပါ အမေ ''

" ဟင် ငိုထားတာပဲ Jungkook နဲ့ရန်ဖြစ်လာတာလား သားရယ် ''

" မဟုတ်ပါဘူးအမေ မျက်လုံးထဲ အမှိုက်ဝင်သွားလို့ပါ ''

" ဟုတ်လို့လား သားရယ် ''

" ဟုတ်ပါတယ် သားပင်ပန်းလို့ အပေါ်တက်နားတော့မယ်နော် အမေ ''

" အေးကွယ် အမေသားအတွက် အမဲရိုးစွပ်ပြုတ်ပြုတ်ပေးထားမယ် သားကိုကြည့်ရတာ အားမရှိသလိုပဲ ''

" ဟုတ် အမေ ''

ဆိုကာ အပေါ်ထပ်ကိုတက်ပြီး ခုတင်ပေါ်တွင်လဲလျောင်းကာ နေ့ခင်းတုန်းက Taehyung ပြောတဲ့အကြောင်းတွေကို တွေးနေလိုက်သည်။
တကယ်ပဲ Jungkook က Taeyeon နဲ့ပြန်တွဲချင်နေတာလား ။ အတွေးတွေကြောင့် Jimin ခေါင်းကိုက်လာကာ မျက်စိမှိတ်ကာ အိပ်ရန်ကြိုးစားလိုက်သည်။

Jungkook တစ်ယောက် ကုမ္ဗဏီကပြန်လာတော့ အိမ်ကို သူ့ထက်အရင်ရောက်နှင့်နေတဲ့ Jimin ရဲ့ကားကိုတွေ့လိုက်တော့ အံ့သြသွားသည်။ Jimin က သူ့ထက် နောက်ကျပြီးမှ ပြန်လာနေကျပဲ ဘာလို့ ဒီနေ့အစောရောက်နှင့်နေတာလဲ နေမကောင်းလို့လားမသိဘူး ။ Jungkook ကားပေါ်ကနေ မြန်မြန်ဆင်းကာ Jimin ရှိရာအခန်းထဲသို့...... ။ ခုတင်ပေါ်တွင် လုံးနေအောင်အိပ်နေသည့် Jimin ရဲ့ နဖူးကို စမ်းသပ်လိုက်တယ် ။

" Jimin ssi အဖျားတွေတက်နေပါလား ဆေးရော သောက်ပြီးပြီလား ''

သူပြောတာကို ကြားရဲ့သားနဲ့ ပြန်မဖြေတဲ့ Jimin ကြောင့် Jungkook မျက်နှာပျက်သွားပြီး

" Jiminက ကလေးလည်းမဟုတ်တော့ဘူး ဆိုးနေသေးတယ် စိတ်ပူလို့ သေတော့မယ် ထထတစ်ခုခုစားပြီးဆေးသောက်ရအောင် ''

" မသောက်ဘူး ဘာဆေးမှမလိုဘူး ခုမှ ဂရုစိုက်ချင်ယောင်ဆောင်မနေပါနဲ့ Jungkook ''

" ဘယ်လိုပြောလိုက်တာလဲ Jimin ssi ''

" သွားပါ မင်းပြောတဲ့အရေးကြီးတဲ့ဧည့်သည်ဆီကို ''

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now