ထူထပ်ပိတ်မှောင်နေတဲ့ နှင်းထုကိုဖြိုခွင်းလျက် လမ်းမကြီးထက်ပြေးလွှားနေတဲ့ ကားလေးတစ်စီး။
ညသန်းခေါင်ယံဖြစ်တာကြောင့် ပတ်ဝန်းကျင်တစ်ခွင်လည်းတိတ်ဆိတ်လို့နေပေသည်။
ကားမောင်းနေတဲ့ အမျိုးသားကြီးရဲ့ မျက်လုံးထဲမှာတော့ စိုးရိမ်ပူဆွေးမှုတွေအပြည့်နှင့် အတွေးတို့က ပျံ့လွင့်လျက်ရှိနေပေသည်။
'ယောက်ျား အလောတကြီးမမောင်းပါနဲ့လား လမ်းမကြီးကလည်း နှင်းထုတွေနဲ့လေ'
အမျိုးသမီးကြီးကတော့ မိသားစု အန္တရာယ်မဖြစ်ရေး စိတ်ပူပန်စွာပြောနေလေသည်။'မင်း မသိပါဘူးကွာ ငါတို့ ဒီနေရာကနေအမြန်ထွက်ဖို့လိုတယ် ငါ့သားလေး ငါ့သားလေး အန္တရာယ်ကင်းဖို့လိုတယ်'
ကားနောက်ခန်းမှာအိပ်နေတဲ့ ၅ နှစ်အရွယ်သာသာကလေးကိုကြည့်ရင်းပြောနေခြင်းသာဖြစ်သည်။ထိုအခိုက်....
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်ပြီး အရာအားလုံးရပ်တန့်သွားသလိုပင်။ကားမောင်းနေသူရဲ့ မျက်နှာကတော့ သွေးမရှိတော့သလို ဖြူဆွတ်ဆွတ်ဖြစ်နေပေပြီ။
'ဒုန်း...'
ကားကတခုခုကို တိုက်မိသွားလေပြီ။
'မိန်း..မိန်းမ မင်းကလေးကိုသေချာကြည့်ထား ငါ ငါသွားကြည့်လိုက်ဦးမယ် '
'သတိထားနော် ယောက်ျား'
အမျိုးသားကြီးလည်းသတိကြီးစွာထား၍ ကားတံခါးကိုဖွင့်လျက် ဓါတ်မီးရဲ့အလင်းရောင်ကိုအားပြု၍ ကားရှေ့သို့သွားကြည့်လေသည်။
အချိန်တခုကြာသွားသော်လည်း ဘာသံမှမကြားရသောကြောင့် မိန်းမဖြစ်သူမှာလည်း ကားအောက်သို့ဆင်းကြည့်ရပေသည်။
'ယောက်..ယောက်ျား ဘယ်မှာလဲ'
အသံပြုနေသော်လည်းထူးသူရယ်မရှိ..
'ဘုတ်'
'အမယ်လေး!!' သူမရှေ့ကျလာတဲ့ သူ့ယောကျ်ားရဲ့ ခန္ဓာကိုယ်ကြီး...
'ယောကျ်ား ယောကျ်ား အမယ်လေး ဘယ်လိုဖြစ်တာလဲ သတိထားပါဦး ရှင်ရယ် ယောက်ျား ယောကျ်ား...'
သူမ အော်ပြီး လှုပ်နှိုးနေသော်လည်း အချည်းနှိီးသာ...
