CHAPTER- 11

2.3K 151 11
                                        

Unicode,

ရုတ်တရပ် လက်ကိုလှမ်းဆွဲပြီး နဖူးပေါ်လှမ်းတင်လိုက်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်မှာမျက်လုံးပြူးလျက်သားရှိနေပေသည်။

'ကျွန်တော်ဖျားနေပြီနဲ့တူတယ်'

သေချာစမ်းကြည့်လိုက်တော့မှ အမှန်ပင် သူ့နဖူးပြင်ဟာ နွေးနေပေသည်။

အပြင်ဘက်ကရာသီဥတုကလည်း အေးသထက်အေးလာပေသည်။အပြင်ဘက်တွင်ကြာကြာထိုင်နေလျှင် နှစ်ယောက်လုံးဖျားနိုင်တာကြောင့် ဆေးသောက်ပြီးအနားယူဖို့ရန် ရှောင်ကျန့်ပြောလိုက်သည်။

'ရိပေါ် ဆေးသောက်ပြီးနားတော့ နွေးနွေးထွေးထွေး အိပ်လိုက်နော်'

'ခင်များကရော'

'ငါလား ငါ...ငါမအိပ်ချင်လို့'
ရိပေါ်ရဲ့အကြည့်တွေကိုရှောင်နေတဲ့ သူကြောင့် ဒီစကားဟာ အမှန်မဟုတ်မှန်း ရိပေါ်သိလိုက်သည်။

'ရှောင်ကျန့် ကျွန်တော့်ကို တစ်ခုခုပြောစရာများရှိနေသေးလား'

ရိပေါ်လည်း ရိပ်မိတာကြောင့် သူပြောနိုင်ဖို့ လမ်းဖွင့်ပေးလိုက်မိသည်။

'ငါ...ငါအိပ်ရင် '

လက်နှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း ပြောနေသည်ကိုကြည့်ခြင်းအားဖြင့် ဒါဟာ ဟိုမကောင်းဆိုးဝါးကြောင့်ဆိုသည်မှာမလွဲနိုင်ချေ။ဒါကြောင့်သူလည်း တိုက်ရိုက်မေးလိုက်မိသည်။

'ဟိုမကောင်းဆိုးဝါးကြောင့်လား'

သူ့အမေးကြောင့် မော့ကြည့်လာတဲ့ ရှောင်ကျန့်မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုအရိပ်အယောင်တွေကိုတွေ့လိုက်ရသည်။

'ငါ..ငါအိပ်လို့မဖြစ်ဘူး လောင်ဝမ် ငါအသိစိတ်လွတ်တာနဲ့ သူဝင်လာလိမ့်မယ်။ဒီတစ်ခေါက် ငါ့ကိုယ်ထဲဝင်ရင် ဘယ်လိုဆိုးရွားတဲ့ကိစ္စတွေထပ်ဖြစ်လာမလဲ မသိနိုင်တာမို့ '

ရှောင်ကျန့်မျက်ကွင်းတွေအမြဲညိုနေတာဟာအလုပ်ပင်ပန်းလို့ဖြစ်မယ် ဆိုပြီးတွေးခဲ့မိသော်လည်း နောက်ကွယ်မှာ ဒီလောက်ထိဖြစ်နေလိမ့်မယ်လို့မတွေးခဲ့ရိုးအမှန်ပင်။သူဘယ်လောက်တောင်ပင်ပန်းနေလိမ့်မလဲ။သူဘယ်လောက်တောင်အားငယ်နေလိမ့်မလဲ။

A CURSE (Completed)Tempat cerita menjadi hidup. Temukan sekarang