CHAPTER- 19(Final)

3.5K 159 30
                                        


Unicode,

ရိပေါ်နှင့်ရှောင်ကျန့် နှစ်ယောက်လုံးနိုးလာ၍ပတ်ဝန်းကျင်သို့ကြည့်သော် ရင်ဘတ်တွင်သွေးသံရဲရဲဖြင့်လဲနေသောဝမ်ရှောင်၊ဓါးကိုကိုင်လျက် လဲနေသော ချင်းလင်နှင့်တစ်ဖက်တွင်လည်း ဖြူဖျော့စွာလဲကျနေသော အဖွားအိုကိုတွေ့လိုက်ရပေသည်။

ရိပေါ်အလျင်အမြန်ထကာ သူ့အဖေဆီသို့သွားလေသည်။

'အဖေ အဖေ ချင်း ချင်းလင် အဖေ ထပါဦး အဖေ ဘယ်လိုဖြစ်သွားတာလဲ ကျွန်တော်နဲ့စကားတောင်မပြောလိုက်ရသေးဘူးလေ အဖေ ကျန့်ကော အဖေ့ကို ကြည့်ပေးပါဦး အဖေ့ကိုကယ်ပါဦး ကျန့်ကော' ဝမ်ရှောင်ရဲ့ကိုယ်ကို ပိုက်လျက် ရှောင်ကျန့်ကိုအကူအညီတောင်းလေသည်။

ရှောင်ကျန့်လည်း လဲနေသူရဲ့ နှလုံးခုန်နှုန်း အခြေအနေကို စမ်းသပ်ပြီးနောက် ရိပေါ့်ပုခုံးကို ဆုပ်ကိုင်လျက်

'ရိပေါ် မင်းအဖေငြိမ်းချမ်းသွားပြီ'

'ကျန့်ကော စမ်းကြည့်ပါဦး ထပ်စမ်းကြည့်ပါဦး မဖြစ်နိုင်ဘူးလေ ပြန်ခေါ်ထားတာမှမကြာသေးတာ ချက်ချင်းကြီး..
ဟင့်အင်း ကျန့်ကော စမ်းကြည့်ပါဦး'

ရှောင်ကျန့်နှုတ်ခမ်းကိုကိုက်လျက်သာ ငေးကြည့်နေမိသည်။

'ချင်းလင်ရော ချင်းလင် သူ့ကိုလည်းစမ်းကြည့်ပါဦး ကျန့်ကော'

ရှောင်ကျန့်ကိုမော့ကြည့်သော် သူ့မျက်ဝန်းထဲက မှိုင်းဆွေးမှုတွေကိုမြင်လိုက်ရလေသည်။

'ကျန့်  ကျန့်ကောမဟုတ်ဘူးမလား သူလည်း အဖေ့လို..မဟုတ်ဘူးမလား ကျန့်ကော' သူငိုသံစွက်လာပေသည်။

လက်မခံနိုင်စရာ အဖြစ်အပျက်များက  တခဏချင်း အကုန်ဖြစ်သွားရာ မည်သူကခံနိုင်ပါအံ့နည်း။

'လောင်ဝမ် စိတ် ကိုလျော့ထားနော်'

မျက်ရည်မကျဘဲ တွေတွေကြီးငေး၍ထိုင်နေသော ရိပေါ်ကို သတိပေးရလေသည်။

'လောင်ဝမ် ကိုယ်ရှိတယ်နော် မင်းအနားမှာ ကိုယ်ရှိနေတယ်နော် စိတ်ကိုလျော့ထားနော် ရိပေါ် ငိုချင်ငိုလိုက်ရိပေါ်။'ဒူးထောက်ချလျက် ရိပေါ့် ပုခုံးလေးကို ဖက်၍အားပေးနေမိသည်။

A CURSE (Completed)Where stories live. Discover now