CHAPTER- 5

2.3K 174 0
                                        

Unicode,

အမည်းရောင်အခန်းကျယ်ကြီးတစ်ခုထဲတွင် လမ်းပျောက်နေသော ရိပေါ်။စမ်းတဝါးဝါးဖြင့် ထွက်ပေါက်ရှာနေမိသည်။သို့သော်မတွေ့.....

'သားလေး...'
အဖြူရောင်အရိပ်တစ်ခုက ရုတ်တရပ်ပေါ်လာ၍ တစ်ခုခုကိုပြချင်နေသယောင်။

အဝေးကနေ လှမ်းမြင်နေရတာမို့ ဘယ်သူမှန်းမသဲကွဲပေ။တဖြည်းဖြည်းချင်းအနားတိုးသွားပြီးကြည့်ကာမှ ထင်ရှားလာတဲ့ ရုပ်သွင်။

ဒါ...ဒါ....အဖေ

'အဖေလား ဟူတ်တယ်မလား'

ငယ်ငယ်ကတွေ့ခဲ့ရတဲ့အတိုင်း အဖေက နုပျိုနေဆဲပင်။အိုမင်းမှုကိုရှာမတွေ့ခဲ့။ထိုယောက်ျားသားသည် ပြုံး၍ လက်ပြနှုတ်ဆက်နေလျက်ရှိသည်။

'အဖေ ဘယ်သွားမလို့လဲ မသွားပါနဲ့ဦး ခဏလေး နေပါဦး...အဖေ!'

ဝေးလွင့်ပျောက်ကွယ်ခါနီး အဖြူရောင်အရိပ်ကလေး နောက်ကို အမှီပြေးလိုက်ရင်း လမ်းမကြီးတစ်ခုထက်ကို မသိလိုက်ဘဲ ရောက်လာမိသည်

မှောင်မည်းနေတဲ့ လမ်းမကြီးထက် ကျဆင်းနေတဲ့နှင်းထုကိုဖြတ်လျက် အရှိန်ပြင်းစွာမောင်းနှင်လာနေတဲ့ ကားတစ်စီးကိုတွေ့နေရပေသည်။

ဒါ ငါတို့ကားလေးမလား

ကားရှေ့မှာပေါ်လာတဲ့ အမည်းရောင်ဝတ်စုံနှင့်အရိပ်တစ်ခု။ကားလည်းရုတ်တရပ်ရပ်တန့်သွားသည်။

သူ သူ အတိတ်ကိုပြန်ရောက်လာတာလား။ဒါသူ့ဘဝရဲ့ ကံဆိုးမှုတွေစတင်ရာနေရာလေ။မဖြစ်ဘူး အဖေ့ကိုအောက်ဆင်းမလာအောင်တားရမယ်။

ကားလေးဆီသွားတားရန် ပြင်လိုက်သော်လည်း သူ့ရှေ့တွင်ပေါ်လာတဲ့ အဖြူရောင် မှန်ပြင်တစ်ခု။

ဘယ်လိုဖြစ်နိုင်မှာလဲ။ဒါကြီးကဘယ်ကပေါ်လာတာလဲ။

ထိုမှန်ပြင်ကို ထုရိုက်ကြည့်သော်လည်းထူးလာခြင်းမရှိပါချေ။လူကိုယ်တိုင်မသွားရလျှင် 'အသံ' ဟုတ်တယ် ငါအော်ပြောကြည့်ရမယ်။

'အဖေ မဆင်းနဲ့ ကားရှေ့မှာဘာမှမရှိဘူး မဆင်းကြည့်ပါနဲ့ ကျွန်တော်ပြောနေတာကြားရလား!!!'

A CURSE (Completed)Tempat cerita menjadi hidup. Temukan sekarang