CHAPTER - 15

1.4K 112 8
                                        

Unicode,

အတိတ်ကာလဆီမှ နှစ်ယောက်လုံး ထွက်လာကြပြီဖြစ်သော်လည်း ဘယ်သူမှ စကားစပြောဖို့ရန် မစဥ်းစားကြပေ။အတွေးယဥ်ဝဲဂယက်မှာ မျောပါနေကြတုန်းဖြစ်ဟန်တူသည်။

ထိုအခြင်းအရာကိုမြင်ရုံနှင့်အဖွားအိုမှာ စိတ်ပူ၍ သတိပေးစကားအလျင်အမြန်ဆိုရပေသည်။

'မြေးလေးတို့ သူ့ဘဝကသနားစရာကောင်းတယ်ဆိုတာမှန်တယ်။ဒါပေမဲ့ သူလုပ်ခဲ့တဲ့အရာတိုင်းက မှန်တယ်လို့ဆိုလိုရင်းဟုတ်ဘူးနော်။မင်းတို့စိတ်ပျော့သွားတာနဲ့ မင်းတို့ဘဝကိုသူကတိုက်စားသွားမှာနော်။မင်းတို့ စိတ်ပျော့လို့မဖြစ်ဘူးနော်။အဖွားပြောတာ ကြားလား မြေးလေးတို့။သူ့ကိုသနားလို့ရပေမဲ့ သူလုပ်သမျှကိုခွင့်ပြုရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။' အဖွားအိုက တတွတ်တွတ် သတိပေးစကားဆိုမှသာ အသံတစ်သံက လေးကန်စွာထွက်လာလေသည်။

'ဒါဆို ဒါတွေအားလုံးရဲ့တရားခံက ကျွန်တော့်အဖေပေါ့ နော်။ကျွန်တော်က ကျွန်တော်က...ကျွန်တော်တို့ပဲ တစ်ဖက်သတ် ခံနေရတယ်လို့တွေးခဲ့ဖူးတာ။ကျွန်တော့်မိဘတွေကသာ လောကမှာအကောင်းဆုံးသူတွေလို့တွေးခဲ့ဖူးတာ။ခု ...ခုတော့ 'ရိပေါ့်မျက်လုံးထဲဝယ် မယုံနိုင်ခြင်း၊ဝမ်းနည်းခြင်း၊စိတ်ပျက်ခြင်းတို့ဟာ အတိုင်းသားပေါ်နေပေသည်။

'လောင်ဝမ် မင်းမိဘတွေကအကောင်းဆုံးပေါ့၊ဒါမမှားဘူးလေ။လူဆိုတာ ကိုယ်လိုချင်တာနဲ့ပတ်သတ်လာရင်တော့ လောဘတက်လာတတ်တယ်။အဲ့လောဘကြောင့်ပဲ မဖြစ်သင့်တာတွေဖြစ်ကြရတယ်။ဘဝမှာ လူတိုင်းကတော့ နောင်တရစရာ အမှားမျိုးလုပ်ဖူးကြမှာပဲ၊နည်းတာနဲ့များတာပဲကွာမှာ။ဒီဖြစ်စဥ်တစ်ခုလုံးမှာ လူတိုင်းက သူ့လောဘနဲ့သူပဲလေ။ဘယ်သူမှားတယ် မှန်နေတယ်ဆိုတာထက် ဖြစ်သင့်လို့ဖြစ်ကြရတာပဲမဟုတ်ဘူးလား။အားလုံးဟာ ကံတရားကြောင့်ပဲလေ။'

ရိပေါ့်လက်ကိုဆုပ်ကိုင်ပေးထားလျက် ရှောင်ကျန့်အားပေးစကားပြောမိသည်။သူသိနေသည် ဒီကောင်လေး ဘယ်လောက်တောင် အပြစ်ရှိစိတ်တွေနဲ့ ခံရခက်နေမလဲဆိုတာကို။

ရိပေါ် နားမလည်ခြင်းများစွာနှင့် ရှောင်ကျန့်ကိုကြည့်မိသည်။ပြီးနောက် 'ဒါခင်များဦးလေး လေ။ကျွန်တော်တို့မိသားစုကို ခင်များအပြစ်မတင်ဘူးလား။ကျွန်တော်တို့ကြောင့်ဆိုပြီး ခင်များနည်းနည်းလေးတောင်စိတ်မတိုဘူးလား!'

A CURSE (Completed)Opowieści tętniące życiem. Odkryj je teraz