Unicode,
'ပျော်ရွှင်စရာ၁၆နှစ်ပြည့်မွေးနေ့လေးဖြစ်ပါစေနော် မေမေ့သားလေး'
ဝါကျင့်ကျင့်မီးလင်းနေတဲ့ အခန်းငယ်တစ်ခုအတွင်းဝယ် စိမ်းဖန့်ဖန့်မွေးနေ့ကိတ်လေးကိုကိုင်ရင်း မွေးနေ့ဆုတောင်းပေးနေတဲ့ အသက်လတ်လတ် အမျိုးသမီးတစ်ဦး....
ချစ်မြတ်နိုးမှုအပြည့်ဖြင့် သားငယ်လေးရဲ့ မွေးနေ့ပွဲကို ဆုတောင်းပေးနေပါသော်လည်း တုန့်ပြန်သံကတော့ ဗလာ။
သူမ သိပါသည် ထိုနေ့က ကိစ္စများဖြစ်ပြီးသည့်နောက် သားလေးမှာ စကားပြောခြင်းနည်းပြီး အပြုံးအရယ်အလည်းမရှိတော့သည်ကို။
သို့သော် မည်သည့်အရာကများ သားလေးကို ဒီလိုဖြစ်သွားစေသလဲဆိုတာ အဖြေမသိခဲ့ရပေ။ဆရာပေါင်းစုံနှင့် တိုင်ပင်ဆွေးနွေးသော်လည်း အဖြေကတော့ရေရေရာရာမရှိခဲ့။သူမ စိုးရိမ်မိပါသည် သူ မရှိတော့လျှင် သားလေးတစ်ယောက်တည်း ဒီလိုအထီးကျန်စွာနေနေရမည့်အဖြစ်ကိုပေါ့။
အတွေးတွေကိုလတ်စသတ်ပြီး သူမ သားလေးကိုကြည့်ရင်း စကားတွေဆိုမိသည်။
'သားလေး လိုရာဆုတောင်းပြီး ဖယောင်းတိုင်ကိုမီးမှုတ်ကြရအောင်နော်'
ကိတ်မုန့်ကို ထမင်းစားပွဲပေါ်သို့တင်ကာ
သားလေး ဆုတောင်းနေသည်ကို ကြည့်နေမိသည်။ဘာတွေများဆုတောင်းနေပါလိမ့်။
ကျွန်မသားလေးဆန္ဒတွေကိုပြည့်ဝခွင့်ပေးပါအရှင်။
မီးမှုတ်ပြီးသည်နှင့် ရိပေါ်ရဲ့မှိုင်းပျပျ အကြည့်တို့က ကိတ်မုန့်ပေါ်တွင် သာ။
'ဒါ သားလေးကြိုက်တဲ့ နံနံပင်အရသာလေး ဖြစ်အောင်မေမေမှာထားတာလေ။စားကြည့်ပါလား သားလေး'
ရိပေါ်မျက်ဝန်းတွေသည် မှိုင်းရာမှ ရီဝေဝေ ထိုမှတစ်ဆင့် မျက်ရည်ကြည်များဝေ့လာတော့သည်။
သူမအလွန်စိုးရိမ်သွားရှာ၍ ဘာဖြစ်တာလဲဟုသာ အကြိမ်ကြိမ်မေးမြန်းနေမိသည်။
'အ ..အမေ'
၁၀ နှစ်ကျော်ကြာပြီးနောက်ပထမဆုံး ပြန်ခေါ်ခဲ့သည့် အမေဆိုတဲ့ နာမ်စားလေးတစ်ခု။
သူမပျော်လွန်း၍ မျက်ရည်များပင်ကျလာရပေသည်။
