Unicode,
ရှောင်ကျန့်အိမ်ရောက်သည်နှင့် ပထမဆုံးဝင်ရောက်သည်က ရှောင်လျန်းထာအခန်းပင်။
အခန်းထဲရောက်သည်နှင့် နာကျင်စရာများက ခေါင်းထဲအစီအရီပေါ်လာတာကြောင့် နှစ်ယောက်သားအကြည့်ချင်းဆုံမိလိုက်ကြသည်။
ထို့နောက်သူတို့ခန့်မှန်းချက်ဖြစ်သော မြေအောက်ခန်းကိုတွေ့ရန် အလျင်အမြန်ရှာဖွေကြလေသည်။'ရိပေါ်ရေ ရိပေါ် '
ရေချိုးခန်းထဲကနေ ရှောင်ကျန့်အော်ခေါ်တာကြောင့် ရိပေါ်အလျင်အမြန်ပြေးသွားလိုက်သည်။
ရောက်သော် ရေပန်းတပ်ဆင်ထားသောနံရံမှာတံခါးတစ်ချပ်နှယ် ပွင့်နေသည်ကို မြင်ရလေသည်။ထိုအနောက်ဘက်တွင်တော့ မှောင်မည်းနေလေသည်။
'ဒါ..ဒါက'
'ဝင်ကြည့်ရအောင် ရိပေါ်'
နှစ်ယောက်သား ဖုန်းမီးရောင်ကိုအားပြု၍ အမှောင်ထဲသို့ဝင်လာကြလေသည်။သူတို့သတိထားမိသည်က ထိုအမှောင်ထုဟာ လျှောက်လမ်းတစ်ခုသာဖြစ်နေကြောင်းပင်။
ထိုလျှောက်လမ်းရဲ့အကျယ်မှာ ၅ပေနီးပါးလောက်ကျယ်ဝန်းသည်။ဖုန်းမီးကိုသုံး၍ လမ်းတစ်လျှောက်ကြည့်လိုက်သော် မျက်နှာကျက်တွင် နီယွန်မီးသီးများတပ်ဆင်ထားသည်ကိုတွေ့ရလေသည်။နံရံရှိ ခလုတ်ကို နှိပ်လိုက်သော် မီးသီးများလင်းလာပေသည်။
ဝါဖျော့ဖျော့မီးရောင် ဖြစ်တာကြောင့် ရှင်းလင်းပြတ်သားမှုတော့ ရှိမနေပေ။၃မိနစ်ခန့်လောက် လျှောက်လာသော် လမ်းရဲ့အဆုံးတွင် လှေကားတစ်ခုရှိနေသည်ကိုတွေ့ရပေသည်။လှေကားအတိုင်းဆင်းလာသော် အောက်ခြေတွင်အခန်းတစ်ခုရှိနေသည်ကိုတွေ့လိုက်ရသည်။
ထိုအခန်းနားရောက်ခါနီးလေ အပုပ်နံ့ဟာ ဆိုးဆိုးဝါးဝါးထွက်လာလေဖြစ်သည်။အခန်းတံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်လျှင်ပင် မခံနိုင်လောက်သော အပုပ်နံ့ဟာ တရှိန်ထိုးဝင်ရောက်လာလေသည်။
နှာခေါင်းနှင့်ပါးစပ်ကိုအုပ်လျက် အခန်းသို့ဝင်ကြည့်သော် အဖြူရောင်ပိတ်စများက အထပ်ထပ် ကာဆီးနေသည်ကိုတွေ့လိုက်ရသည်။