UNICODE,
အချိန်အားဖြင့် သန်းခေါင်ကျော်ယံဖြစ်နေပေသည်။ဆောင်းရာသီဖြစ်နေသည့်အတွက် နှင်းထုများက ပိတ်လျက် အေးစက်တိတ်ဆိတ်နေပေသည်။
'အူ...အူ...အူ...'
ခွေးအူသံများဖြင့်ပြည့်နေသည့်ပတ်ဝန်းကျင်ဟာ ကြောက်စရာအတိ။ညအမှောင်ဟာ ခွေးအူသံနှင့်ပေါင်းစပ်လျှင် ကြောက်ခမန်းလိလိပင်။
သို့သော် အမှောင်ယံတိတ်ဆိတ်သောအချိန်အခါကိုအံတု၍ သေမင်းနှင့်အပြိုင် လွန်ဆွဲပေးနေရရှာတဲ့ ဆရာဝန်တွေရဲ့ သတ္တိတွေဟာတော့ လေးစားဖွယ်ရာပင်။
'ဆရာ နားလိုက်ပါတော့လား ဒီနေ့တစ်နေ့လုံးလည်း မနားရသေးဘူးလေ ဟုတ်တယ်မလား'
မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးနှင့် ချစ်စဖွယ် အမူအရာ အပြည့်ဖြင့် စိတ်ပူပန်စွာ ဂရုစိုက်ပေးနေပါသော သူနာပြုမလေး ချွေ့မေ။
'မပင်ပန်းပါဘူးဗျာ သူတို့တွေရဲ့ အသက်ကို ကယ်ပေးနိုင်လိုက်တာတွေကပဲ ပင်ပန်းမှုကိုတမုဟုတ်ချင်းဖျောက်ပေးလိုက်နိုင်တယ်လေ'
အေးဆေးသောလေသံလေးဖြင့် အပြုံးချိုချို နှင့်ယှဥ်ကာ မပင်ပန်းကြောင်းရှင်းပြနေပါသော ရှောင်ကျန့်ပင်။
'ခု ကျွန်တော့် duty တွေလည်းပြီးပြီဆိုတော့ ကျွန်တော်ပြန်လိုက်ဦးမယ်နော် ဆရာမ'
'ဆရာရယ် ဒီလောက်မှောင်ပြီး နှင်းတွေလည်းထူနေတာ မပြန်ပါနဲ့တော့လား အန္တရာယ်များလွန်းပါတယ်။ဒီက ဆရာ့နားနေဆောင်မှာပဲ နားပါတော့လား'
'ကျွန်တော့ကိုစိတ်ပူပေးတာကျေးဇူးတင်ပါတယ်နော်။ဒါပေမဲ့ ကျွန်တော်ပြန်မှ ဖြစ်မှာမို့လိုပါ။ပြီးတော့ ဘယ်လိုအရာကမှကျွန်တော့်ကိုနာအောင်မလုပ်နိုင်ပါဘူး' စနောက်နေတဲ့ စကားတွေဖြစ်နေတာကြောင့် အေးစက်စက်အပြုံးများကိုတော့ မည်သူမှ မြင်လိမ့်မည်မဟုတ်ပေ။
'ဒါဆိုလည်းဂရုစိုက်ပြန်နော် ဆရာ'
ပြုံးပြလျက် ကားသော့နှင့်အတူ လက်ဆွဲအိတ်လေးကိုသယ်၍ ကားပါကင်ဆီသို့ လျောက်နေပေသည်။
