CHAPTER-16

1.2K 98 2
                                    


Unicode,

တစ်ညတာလုံးကို ထိုခုံတန်းလေးပေါ်တွင်ကုန်ဆုံးစေပြီးနောက် သူတိုနှစ်ယောက် ရိပေါ့်တိုက်ခန်းလေးဆီသို့ပြန်လာခဲ့ကြသည်။

ရိပေါ့်တိုက်ခန်းနားရောက်လာသည်နှင့် သူတို့ကိုအဖွားအိုပေးလိုက်သော အဆောင်မှာ အရောင်တောက်လာသည့်နှယ်။တိုက်ခန်းတံခါးပေါက်ဝရောက်သောအခါ အဆောင်ရဲ့ အရောင်ဟာ ပိုမိုပြင်းထန်လာရုံသာမက ပူလာသည့်နှယ်။

'ရိပေါ် ကိုယ့်အဆောင်လေးက ပူလာသလိုပဲ။'ရှောင်ကျန့်ဦးစွာ ပြောလိုက်မိသည်။

'ဟုတ်တယ် ကျွန်တော်လည်းသတိထားမိတယ်။'ရိပေါ်စိုးထိတ်စွာဖြေမိသည်။

'မဝင်ဘဲနေရအောင်ရိပေါ်  ကိုယ်တို့ပြန်လှည့်ရအောင်။' ရှောင်ကျန့် ရိပေါ်လက်ကိုကိုင်ဆွဲကာတားမိသည်။သို့သော်

'ကျန့်ကော ကျွန်တော်တို့ ဒီအတိုင်းရှောင်ပြေးနေလို့မဖြစ်ဘူး ကျွန်တော်တို့ရင်ဆိုင်တွေ့မှဖြစ်တော့မယ်။'

ရိပေါ်ရဲ့သဘောထားကိုလည်းမငြင်းချင်တော့တာကြောင့် လက်ခံကာ အထဲသို့ဝင်ရန်ပြင်ရတော့သည်။

သော့ဖွင့်ပြီး အခန်းထဲခြေချလိုက်သည်နှင့် တဖြည်းဖြည်းလောင်ကျွမ်းလာသော အဆောင်တွေ။နောက်ဆုံးပြာအဖြစ်သို့ပင် ပြောင်းသွားသော ထိုအဆောင်လေးကိုကြည့်ပြီး နှစ်ယောက်သား အသံတိတ်စွာ ရပ်နေမိကြသည်။

ထိုတိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်သည်က မတိုးမကျယ် အသံရှရှတစ်ခု။

'ရိပေါ် မင်းတို့အားကိုးရာရှာတာမှားနေပြီ မှားနေပြီကွ ဟားး ဟားး ဟားး'

ဒါ ဒါ....

'ချင်းလင် မလား ရိပေါ် သူ..သူဘယ်ကနေဘယ်လို..'
ရှောင်ကျန့် ရိပေါ့်လက်ကိုဆုပ်ကိုင်ထားလိုက်မိသည်။သူကြောက်နေသည်ထက် တစ်စုံတစ်ခုက သူ့ဆီကနေ ရိပေါ်ကိုဆွဲထုတ်သွားမှာ ကိုစိုးနေမိခြင်းသာ။သူတို့ချစ်သူသက်တမ်း တစ်ရက်တောင်မပြည့်ရသေးခင် မခွဲခွာလိုပေ။

ဒါဟာ လောဘဆိုရင်တော့ ဟုတ်ပါတယ် ကျွန်တော် ရိပေါ်ကိုလောဘတက်နေမိပြီ။၁၃ရက်မတိုင်ခင်လေး သူရိပေါ်နှင့်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး နောင်တမဲ့ လမ်းအဆုံးကိုသွားချင်တာ သူ့ဆန္ဒပင်။သို့သော် ရိပေါ့်ဆန္ဒကတော့ ထိုကဲ့သို့ဟုတ်မနေချေ။

A CURSE (Completed)Opowieści tętniące życiem. Odkryj je teraz