Unicode,
အမှောင်ထုကြီးထဲပိတ်မိနေတဲ့ ကျွန်တော့်ဆီသို့ရောက်လာတဲ့အသံတစ်ခု။
'ဒီမှာ ဆရာဝန်ဆိုတဲ့တစ်ယောက် ကျွန်တော့်အသံကိုကြားရလား။ခင်များသူ့ကိုထွက်သွားစေချင်ရင် ခင်များထွက်လာမှ ရမှာပေါ့။ခင်များကိုယ်တိုင်တိုက်ထုတ်မှရမှာပေါ့'
ဟင်!!ဝမ်ရိပေါ်! သူကဘယ်လိုလုပ်ပြီး ငါပိတ်မိနေတာကိုသိသွားတာလဲ။
ရှောင်ကျန့်အံ့သြသွားသော်လည်းအမှောင်ထဲမှာပဲ နေနေရတဲ့ရှောင်ကျန့်အတွက်ကတော့ အားကိုးစရာ ရလာသည့်နှယ်။
သူ့ရဲ့ မျက်ဝန်းလေးတွေက အရောင်တောက်လာပြီး သူထွက်လာလို့ရမည့်နည်းလမ်းကို အားကိုးတကြီးပြောပြနေမိသည်။
ထိုမကောင်းဆိုးဝါးဝိညာဥ်သည် ရှောင်ကျန့်ရဲ့ကိုယ်ကို ဝင်နိုင်ဖို့အတွက် ရှောင်ကျန့်ရဲ့သွေးကိုလိုအပ်ပေသည်။အမြဲသုံးနေကျ အရာဝတ္ထုတစ်ခုခုဖြစ်စေ အသုံးအဆောင်တစ်ခုခုဖြစ်စေ ထိုအရာကိုသွေးနဲ့ထိပြီး တစ်ခုခုရွတ်ဆိုလိုက်သည်နှင့် ရှောင်ကျန့်ကိုယ်ကို သူပိုင်သွားလေပြီ။
သို့သော် ထိုသို့လုပ်ရန်မှာ ကိုယ်ပိုင်
ဝိညာဥ် ကပ်မနေသည့်အခါမျိုး၊အားနည်းနေသည့်အခါမျိုးတော့ဖြစ်ရန်လိုအပ်ပေသည်။(အိပ်နေသောအချိန်လိုမျိုးတွင်ဖြစ်သည်။)
ထို့ကြောင့် ရှောင်ကျန့်ဟာ မအိပ်မိအောင်အမြဲကြိုးစားနေရသည်။သို့သော်လည်း ခန္ဓာကိုယ်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ အိပ်စက်ခြင်းကို
တော့ဆန့်ကျင်ဖို့ရာခက်ခဲလွန်းလှပေသည်။
အိပ်ပျော်သွားသည်နှင့်တစ်ပြိုင်နက် ရှောင်ကျန့်ရဲ့ဝိညာဥ်ဟာ ခန္ဓာကိုယ်ထဲမှာချိတ်ပိတ်မိလျက်သားဖြစ်ပြီး ထိုမကောင်းဆိုးဝါးလုပ်သမျှကို မကြည့်ချင်လည်း ရှင်းရှင်းလင်းလင်းကြီး မြင်နေရပေသည်။
ထိုသို့သောအချိန်တွေဟာ ရှောင်ကျန့်အတွက်တော့ ငရဲကျနေသလိုပင်။သူ့ကိုယ်ကိုသုံးပြီး မကောင်းတာတွေလုပ်နေတာကို သူကိုယ်တိုင်မတားမြစ်နိုင်ဘဲ ကြည့်နေရတဲ့အဖြစ်ဟာ ရင်နာဖွယ်ကောင်းလှပေသည်။ထိုသို့သောအချိန်မျိုးဟာ သူ့ကိုယ်သူ အရွံဆုံးအချိန်တွေသာဖြစ်နေတော့သည်။
