CHAPTER - 9

1.4K 129 4
                                    

Unicode,

ရိပေါ်နေထိုင်ရာနေရာလေးကတော့ သူ့ရဲ့မိခင်နဲ့ဖခင် လက်ထပ်ပြီးပထမဆုံး ရခဲ့တဲ့အမွေဆိုင်တိုက်ခန်းလေးပေါ့။

တိုက်ခန်းလေးဆိုပေသည့် အနိမ့်စားတိုက်ခန်းတော့မဟုတ်ပါချေ။အထက်တန်းလူတန်းစားတွေနေတဲ့ အဆင့်မြင့်တိုက်ခန်းတွေထဲကတစ်ခု။

ရိပေါ်အဖေတို့မိသားစုက အရင်တည်းက မျိုးရိုးမြင့်တဲ့လူတန်းစားတွေ။ပိုင်ဆိုင်မှုတွေကလည်းအမြောက်အမြား။သို့သော် ရိပေါ်မွေးတဲ့နှစ်မှာတင် စီးပွားကျသွားတာကြောင့် ရိပေါ်အဖိုးအဖွားတွေဟာ စိတ်ကြောင့်ပဲ အသက်ပေးခဲ့ရတယ်။ရိပေါ်အဖေဟာလည်းတစ်ဦးတည်းသောသားမို့ ဖက်တွယ်စရာဆွေမျိုးသားချင်းရယ်မရှိ။
ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားခဲ့ကြတဲ့ အဖေနဲ့အမေဟာ အပူအပင်မရှိနေထိုင်နိုင်ခဲ့ကြတယ်။ထို မကောင်းဆိုးဝါး
မရောက်လာခင်အထိပေါ့။

ရိပေါ်တို့တိုက်ခန်းရှေ့ရောက်လာပြီမို့ ဆိုင်ကယ်ရပ်လိုက်သည်။ထို့နောက် elevator ကနေ သူတို့နေထိုင်ရာ 11 လွှာမှာရှိတဲ့ အခန်းတစ်ခုကို တက်လာခဲ့ကြသည်။ရှောင်ကျန့်ပုံစံကတော့ အနည်းငယ် အံ့သြတာကလွဲ ဘာမှမေးမြန်းခြင်းမရှိခဲ့ပါချေ။

အခန်းထဲဝင်ဝင်ချင်း တံခါးပေါက်နားမှာဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ အဝတ်အစားတွေကို ငြင်ငြင်သာသာခြေထောက်နဲ့အခန်းထောင့်ကိုကန်ထည့်လိုက်သည်။မဆေးရသေးတဲ့ ထမင်းဟင်းပန်းကန်တွေရဲ့ အနံ့တွေကိုတော့ မသိချင်ယောင်ဆောင်ပြီး ဝင်လာခဲ့လိုက်သည်။

'ရှောင်ကျန့် ဆိုဖာမှာခဏထိုင်ဦး'

အဲ ..ဆိုဖာပေါ်ကြည့်လိုက်မိတော့မှ ဖတ်လက်စ စာအုပ်အချို့..သောက်လက်စ ဘီယာဗူးအချို့..စားလက်စ မုန့်အချို့ဟာ ပြန့်ကျဲနေတာတွေ့လိုက်ရတော့ အလျင်အမြန်ဖြင့် တစ်ထိုင်စာနေရာလောက်ရအောင် ထိုအရာတွေကိုဘေးကိုကပ်လိုက်မိသည်။

'ထိုင်လေ..ထိုင်'

ရှောင်ကျန့်လည်း ခေါင်းခါရုံသာတတ်နိုင်တော့သည်။

ဒီကောင်လေး ဘယ်လိုတွေတောင်နေနေပါလိမ့်...

'ကျွန်တော် ပန်းကန်တွေသွားဆေးလိုက်ဦးမယ် ခဏနော်'

A CURSE (Completed)Where stories live. Discover now