CHAPTER- 12

1.5K 108 7
                                    

Unicode,

လှေကားထစ်များကိုတစ်လှမ်းချင်းလှမ်းနေတဲ့ သူ့ခြေလှမ်းတွေဟာ အမှောင်ရိပ်ကြီးစိုးလျက်ရှိပေသည်။မျက်ဝန်းထဲမှာတော့ လွမ်းဆွတ်တမ်းတမှုနှင့် ရက်စက်လိုမှုတို့က လွှမ်းမိုးနေပေသည်။

လှေကားတစ်ထပ်တက်တိုင်းထွက်ပေါ်လာတဲ့ ရီသံနက်နက်ကြီးဟာ ခြောက်ကပ်နေတဲ့ တစ်အိမ်လုံးကို အသက်သွင်းနေသကဲ့သို့ပင်။

လှေကားဆုံးသွားသည်နှင့် ဧည့်ခန်းကျယ်ကြီးတစ်ခုကိုတွေ့ရပေမည်။ထိုဧည့်ခန်းရဲ့နောက်တွင်တော့ စာအုပ်စင်ကြီးတစ်ခုက နေရာယူထားပေလိမ့်မည်။စာအုပ်အမျိုးအစားတွေကတော့ ပရလောကနဲ့ဆက်စပ်နေတဲ့ စာအုပ်မျိုးတွေပင်ဖြစ်သည်။ထိုစာအုပ်စင်ရဲ့ရှေ့တည့်တည့်တွင်တော့ သော့ခလောက်ကြီးကြီးတစ်လုံးနှင့်ခတ်ထားသည့် အခန်းတစ်ခုကိုတွေ့ရမည်။မသိလျှင် ထိုအခန်းထဲကနေ တစ်စုံတစ်ရာက ခုန်ထွက်လာတော့မည့်အတိုင်းပင်ကြောက်ဖို့ကောင်းလှပေသည်။

'ဂျောက်'

သံချေးတက်နေပြီဖြစ်သော ထိုသော့ခလောက်ကြီးဟာရုတ်တရက်ပွင့်သွားပေသည်။ အခန်းပိုင်ရှင်ပြန်ရောက်လာပြီဖြစ်တာကြောင့် ကြိုဆိုလိုက်သည့်နှယ်။

'ဟားးး ဟားးး ဟားးး မင်းတို့အလှည့်ရောက်လာတော့မယ်စောင့်နေကြစမ်း!စောင့်နေကြစမ်း ဟားး ဟားးဟားး'

အခန်းတံခါးပွင့်သွားသည်နှင့် ပထမဆုံးမြင်ရသည်က အခန်းရှေ့တွင်ချိတ်ဆွဲထားတဲ့ ဓာတ်ပုံအကြီးကြီးတစ်ပုံပင်။ထိုပုံထဲက လူသားဟာ အပြုံးမမည်တဲ့ အပြုံးတစ်ခုကိုချိတ်ဆွဲထားသည်။မျက်လုံးတွေရဲ့ ဆွဲဆောင်အားကတော့ ယစ်မူးဖွယ်ရာ။

အဖြူအမည်း အရောင်ဖြင့်ထုတ်ထားတဲ့ ပုံဖြစ်သော်လည်း ထိုအမျိုးသားရဲ့ ခန့်ညားချောမောမှုကတော့ ပျောက်ကွယ်မသွားပေ။

'ကိုကို မင်းရဲ့သားက မင်းအတိုင်းပဲ ဆွဲဆောင်မှုကတော့အပြည့်ပဲ။မင်းကိုမမှီပေမဲ့လို့ပေါ့။ဒါပေမဲ့ မင်းလောက်တော့မရက်စက်မှာသေချာတယ်။ဘာပဲဖြစ်ဖြစ်မင်းရဲ့သားဆိုတော့ မင်းအပြစ်ကြွေးတွေကိုဆပ်ပေးဖို့တာဝန်ရှိတယ်မလား။ငါမတောင်းပန်နိုင်ဘူးနော်။ငါလုံးဝမတောင်းပန်နိုင်ဘူး။မင်းကတော့ ဘဝဆက်တိုင်း ငါ့ရဲ့ကျေးကျွန်ဖြစ်ပြီးငါ့ကိုအကြွေးဆပ်သင့်တယ် ကိုကို။'

A CURSE (Completed)Tempat cerita menjadi hidup. Temukan sekarang