Unicode,'ရိပေါ် '
'....'
'ကိုယ့်အိမ်ကတစ်နေရာရာမှာ အဖြေရှာနိုင်မယ်ထင်တယ်။ဒါတွေ အကုန်လုံး ဦးလေးကြောင့်မလား၊အဲ့ဒါဆို သူ့ဆီမှာပဲ အဖြေရှာနိုင်မှာပေါ့၊' ရှောင်ကျန့်စကားကြားလိုက်တဲ့အခါ ရိပေါ်ရဲ့ မျက်ဝန်းတွေ အရောင်လဲ့လာသလိုပင်။ဒီလိုရှုပ်ယှက်ခတ်နေတဲ့ အရာတွေထဲကနေ ရိပေါ်ကို အမှန်တကယ်ပင် ဆွဲထုတ်ပေးချင်မိတာ ရှောင်ကျန့်ရဲ့ ပြင်းပြတဲ့ ဆန္ဒတစ်ခုဆိုလည်း မှားမယ်မထင်။
ရိပေါ်ကိုကြည့်လိုက်ပြီး ရှောင်ကျန့်လည်း ပြောရမယ့်စကားကိုဆက်ပြောလိုက်သည်။
'ကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း ဦးလေး အခန်းကို အသေပိတ်ထားခဲ့ကြတာ၊ဖျက်ဆီးပစ်ဖို့တောင်လုပ်ကြတာ၊နောက်တော့ ဘာစိတ်ကူးပေါက်လို့လည်းမသိပါဘူး၊မဖျက်ဆီးတော့ဘဲ အသေပိတ်ပြီးတော့ဘဲထားခဲ့တော့တာ၊
ကိုယ်လည်း အတိတ်ဆိုးတွေ ပြန်မတွေးချင်တာနဲ့ အဲ့အခန်းဖက်ကိုလုံးဝပြန်မလှည့်ခဲ့တော့တာ ခုထိပဲ။ခုတော့ဒီအတိတ်ဆိုးတွေကို ပြန်ဖော်ထုတ်ဖို့အချိန်ပဲ လောင်ဝမ်'ထိုစဥ် လက်နှစ်ဖက်ကိုယှက်လျက် ဒူးပေါ်တင်ထားတဲ့ ရှောင်ကျန့် ရဲ့ လက်ပေါ်သို့ အုပ်မိုးကျလာတဲ့ နွေးထွေးတဲ့ လက်ဖဝါးပြင်ကျယ်ကျယ်တစ်ခု၊
ဒါဟာ အားပေးမှုတစ်ခုပေမို့ ရှောင်ကျန့်ပြုံးပြလိုက်မိသည်။
'ကျန့်ကော ကျေးဇူးတင်ပါတယ်'
'အင်းးးးး ဟမ်!ဘယ်လို ဘယ်လို ခေါ်လိုက်တယ် လောင်ဝမ် ၊ငါနားကြားမှားတာမဟုတ်ပါဘူးနော်။ပြန်ခေါ်ကြည့်ပါလား ငါ...ငါထပ်ကြားချင်လို့'
မျက်လုံးအပြူးသားဖြင့် ရိပေါ့်ကိုကြည့်ပြီး နားကြားလွဲခြင်းမဟုတ်မှန်းအတည်ပြုနေလေသည်။
'ခင်များက အဘိုးကြီးလား နားမကောင်းဘူးလား၊တကယ်ပဲ တစ်ခေါက်ခေါ်ဖို့တောင် ကျွန်တော်က အားတင်းထားတာ၊ထပ်မမေးနဲ့တော့ '
ရှောင်ကျန့်ကို တစ်ခါမှ ကျေးဇူးတင်ဖူးခြင်းမရှိတာမို့ ရိပေါ်အားတင်းပြီး ယဥ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်သော်လည်း၊ထပ်ကာထပ်ကာ ပြန်ခေါ်ခိုင်းနေသည်မို့ စိတ်မရှည်စွာနဲ့သာ အော်လိုက်မိသည်။
