Unicode,ရှောင်ကျန့်လည်းထိုကိစ္စဖြစ်ပြီးသည့်နောက် သူ့အိမ်ကို ပိတ်ထားခဲ့ပြီး ရိပေါ့်အိမ်မှာနေနေသည်မှာ တစ်ပတ်ခန့်ပင်ရှိနေပေသည်။ရိပေါ်နှင့်သူ၏ဒဏ်ရာများကလည်း သက်သာသွားကြပြီဖြစ်တာကြောင့် လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးတိုင်ပင်ရပေမည်။
'ရိပေါ် ကိုယ်တို့ဘယ်လိုဆက်လုပ်ကြမလဲ၊ သူငြိမ်နေတာ အကောင်းတော့မဖြစ်နိုင်ဘူး၊ပြီးတော့ ချင်းလင်လည်းပျောက်ချင်းမလှကိုပျောက်နေတာ'
အခန်းရှိဆိုဖာပေါ်ထိုင်လျက် နှစ်ယောက်သားဆွေးနွေးနေကြခြင်းဖြစ်သည်။
'ကျွန်တော်လည်း ဘာဆက်လုပ်ရမလဲစဥ်းစားနေတာ၊ခုထိတော့ ကျွန်တော်ခေါင်းထဲ ဝင်လာတာတစ်ခုထဲရယ်၊'
.................................
ရိပေါ်နှင့်ရှောင်ကျန့်နှစ်ယောက်သား ယွဲ့ရီ၏အုတ်ဂူရှိရာသို့လာခဲ့ကြခြင်းဖြစ်သည်။အကြောင်းမှာ သူတို့တွေ့ခဲ့သော အဖွားအိုကိုအကူအညီတောင်းရန်အတွက်ဖြစ်သည်။
နှစ်ယောက်သား အုတ်ဂူရှေ့တွင် ဦးညွတ်ကန်တော့ပြီးနောက်ချယ်ရီပင်အိုကြီးရဲ့အောက် ခုံတန်းရှည်ပေါ်သို့သွားခဲ့ကြသည်။အဖွားအိုကိုတွေ့လို့တွေ့ငြားပေါ့။
တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ ၊နာရီလက်တံတွေရွေ့သွားသည်နှင့်အမျှ နေမင်းကြီးကလည်း အရှေ့အရပ်ကနေ အနောက်အရပ်သို့ပင် ဝင်ရန် အားယူနေပေသည်။သူတို့နားတွင်တော့ မည်သည့်အရိပ်အယောင်မျှပင်မတွေ့။
၂ဦးသားထထွက်ရန် ပြင်လိုက်ကြသည်။ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးသည့်နောက်တွင် ပြင်းထန်လှသော လေတချို့တိုက်ခတ်လာပေသည်။ဖုန်မှုန့်တွေလွင့်စင်လာတာကြောင့် နှစ်ယောက်သား မျက်လုံးနှင့်နှာခေါင်း တို့ကိုကာထားမိသည်။
လေအတန်အသင့်ငြိမ်သွားပြီဆိုမှ နှစ်ယောက်သားမျက်လုံးဖွင့်ကြည့်လိုက်ကြသည်။မျက်လုံးရှေ့တွင်တော့ သူတို့မျှော်နေခဲ့ကြသောအဖွားအိုဟာ တုန်ရီစွာဖြင့် သူတို့ထံလျှောက်လာနေပေသည်။သူတို့နားရောက်လာသည်အထိ အဖွားအိုကိုကူတွဲပေးရန် သူတို့မေ့နေလေသည်။အဖွားအိုဟာသူတို့ကိုကျော်ပြီး ခုံတန်းရှည်ပေါ် ထိုင်လိုက်ပြီးနောက် သူတို့ကိုလှမ်းခေါ်လိုက်လေသည်။သို့မှသာ သူတို့အသိကပ်လာပေတော့သည်။
