CHAPTER-Four

2.8K 195 0
                                        

Unicode,

ဆီးနှင်းများကိုဖောက်လျက်နေရောင်
တန်းများဟာ ဟိုတစ်စဒီတစ်စ ထွန်းလင်းနေပေသည်။ချမ်းအေးမှုကိုအံတုလျက် တစ်နေ့တာကို စတင်ရုန်းကန်ရမည့်သူများဟာလည်း ဟိုတစ်စုဒီတစ်စုနှင့် အရောင်အသွေးစုံလင်လှပေသည်။

အချိန်အားဖြင့်မနက် ၆ နာရီစွန်းစွန်း။ကားဂိတ်များတွင်တော့ စောင့်နေသူများပြည့်လျက်ရှိနေပေသည်။ ကားစောင့်ရင်း အပျင်းပြေပြောနေကြသော သတင်းစကားများကိုလည်း မငြီးငွေ့ဖွယ် ကြားနိုင်ပေလိမ့်မည်။

'ဟဲ့ ဒီနေ့မနက်ကလေ ကားလမ်းတစ်လျှောက် ခွေးတွေ အစာအဆိပ်
သင့်ပြီးသေနေလို့တဲ့'

'ဟယ် တကယ်ကြီးလား ဘယ်သူကများဒီလိုရက်ရက်စက်စက် လုပ်ရတာလဲဟယ်။သနားပါတယ်ခွေးလေးတွေ။'

'ဟုတ်ပါ့ဟာ အကြင်နာတရားခေါင်းပါးလိုက်ကြတာ'

ကားစောင့်နေတဲ့ ကောင်မလေးနှစ်ယောက် အပြန်အလှန် တီးတိုးပြောဆိုနေကြခြင်းဖြစ်သည်။

မကြားအောင်နေပေမဲ့လည်း ကားလမ်းတစ်လျောက် မြင်နေရတဲ့ တအီအီအော်ရင်း ပြေးလွှားနေတဲ့ ထိုခွေးလေးတွေရဲ့ ဝိညာဉ်အပိုင်းအစများဟာ နားထောင်ပါလို့ ပြောနေသယောင်။

#ရက်စက်လိုက်ကြတာ#

ဒီနေရာလေးနဲ့ဝေးနိုင်သမျှဝေးအောင်ကျွန်တော် လျှောက်နေမိသည်။လက်ထဲက ပန်းစည်းလေးကို ဖွဖွလေးပွတ်ရင်းကိုယ့်ကိုကိုယ် အားပေးစကားဆိုကာ အမေ့ဆီသို့သာ အရောက်သွားလိုက်သည်။

'ယွဲ့ရီ'
'၃၈ နှစ်'

စိုက်ထူထားတဲ့ကျောက်တိုင်ဖြူလေးရှေ့မှာခြေအစုံကိုရပ်၍ ပန်းစည်းလေးကို ချပေးပြီး ဂါရဝပြုလိုက်သည်။

'အမေ နေကောင်းတယ်မလား အဆင်ရောပြေနေရဲ့လား။ကျွန်တော့်အတွက်မပူနဲ့တော့နော်။ကျွန်တော်လည်း လူကြီးဖြစ်နေပါပြီအမေရဲ့။အမေ့သားက အခုဆို ၂၃ နှစ်ကြီးများတောင်ရောက်နေပြီ အမေသိရဲ့လား။ ပြီးတော့လေ အရမ်းလည်းချောလာတယ်။အရပ်လည်းရှည်လာတယ်။ထမင်းလည်းကောင်းကောင်းစားပြီး ကောင်းကောင်းနေနေတာမို့ စိတ်မပူဘဲ ပျော်အောင်သာနေပါနော်။တစ်ခါတစ်လေ အမေ့ကိုသတိရတာကလွဲလို့ အကုန်လုံးကအဆင်ပြေနေတာမလို့ .....'

A CURSE (Completed)Donde viven las historias. Descúbrelo ahora