Unicode,
'ရိပေါ် ရိပေါ် သတိထားပါဦး ရိပေါ်..'
နားထဲသို့တိုးဝင်လာတဲ့ရှောင်ကျန့်ရဲ့အသံကြောင့် ရိပေါ်မျက်လုံးကိုမရမက ဖွင့်လိုက်သည်။
မျက်လုံးပွင့်လာသည်နှင့်ရှောင်ကျန့်ကိုဦးစွာရှာမိလျှင် အခန်းရဲ့ထောင့်တစ်နေရာရှိ ခုံပေါ်မှာကြိုးအတုပ်ခံထားရသည်ကိုတွေ့လေသည်။
'ရှောင်ကျန့် ရှောင်ကျန့် အ!' စိတ်စောစွာဖြင့်ထသွားမိသော်လည်း ခြေထောက်တွေက လှုပ်မရဖြစ်နေသည်။ခြေထောက်တွေကိုထုကြည့်မိတော့ နာကျင်မှုကိုမခံစားရပေ။
ရိပေါ်နည်းနည်းတော့လန့်သွားမိသည်။သို့သော် ခြေထောက်အရေးထက် ရှောင်ကျန့်ဆီသွားနိုင်ဖို့ရန်ကိုသာပိုလောနေမိသည်မို့ လက်ကိုအားပြုကာ ဖက်ထိုင်ရက်နှင့်ပင် တရွတ်တိုက်သွားလိုက်သည်။
'ရိပေါ် မလာနဲ့ ရတယ် မလာနဲ့' ရှောင်ကျန့်မှာ ရိပေါ်အတွက်စိတ်ပူသော်လည်း ဘာမှမလုပ်ပေးနိုင်တာကြောင့် မျက်ရည်များဝဲလျက်သာ ရှိနေပေသည်။
တရွတ်တိုက်လာရင်းနှင့်ပင်ရိပေါ် ရှောင်ကျန့်အနားသို့ရောက်လာလေသည်။
ရိပေါ်ရဲ့စိတ်ထဲတွင် ရှောင်ကျန့်ကိုတင်းကျပ်စွာပွေ့ဖက်ပေးလိုက်ချင်သော်လည်း မစွမ်းသာနိုင်ပေ။
'ရှောင်ကျန့် ဘယ်လိုနေသေးလဲဟင် ခင်များကို သူဘာလုပ်သေးလဲ'
ခေါင်းခါပြလာတဲ့ရှောင်ကျန့်ကြောင့်သူစိတ်အေးရပါသည်။
'မင်းရော ဘယ်လိုနေသေးလဲပြီးတော့ ဒီကိုဘယ်လိုရောက်လာတာလဲ မင်းအတွက်အန္တရာယ်များလွန်းတယ်'
'ကျွန်တော်ကရပါတယ် ခင်များကိုပဲစိတ်ပူနေတာ ဒီကိုဘယ်လိုရောက်လာလဲကျွန်တော်လည်းမသိတော့ဘူး ဟို တိရစ္ဆာန်ကောင်လက်ချက်ပဲနေမှာပေါ့'
'ရှူး ရိပေါ် တိုးတိုးပြောသူရှိနေတယ်ဒီနားမှာ' ရှောင်ကျန့်သတိပေးစကားဆိုနေတုန်း
'ရှောင်ကျန့် ခင်များကိုကျွန်တော် အရမ်းစိတ်ပူနေတာ ခင်များသိလား'
ရှောင်ကျန့်ရဲ့ပေါင်ပေါ်မျက်နှာလေးတင်ပြီး ရိပေါ် မှုန်ပြပြဆိုလာသည်။
![](https://img.wattpad.com/cover/261355679-288-k672154.jpg)
KAMU SEDANG MEMBACA
A CURSE (Completed)
Fiksi Penggemarကျိန်စာမိနေတဲ့ ကောင်လေးရဲ့ ဘဝဇာတ်လမ်းလေးတစ်ပုဒ်ပေါ့