Part 1 (Uni)

11K 419 6
                                        

တိုးတိုးတိတ်တိတ်

အပိုင်း(၁)

Unicode

ငယ့် မှာ ငယ့်ကိုသိပ်ချစ်တဲ့ အမြွှာကိုကို တစ်ယောက်ရှိတယ် ..သူရဲ့ မျက်ဆံလေးတွေကနာမည်လိုက်အောင်ကို အပြာရောင်လေး ငယ်ကတော့ ဘယ်ဘက်ပါးမှာ စံပယ်တင် မှည့်လေးနဲ့ပေါ့ ..ကိုကိုက အဲ့မှည့်နေရာလေးကို အမြဲတဖွဖွ အနမ်းပေးလေ့ရှိတယ်..ကိုကို က အ ‌ေပါင်းအသင်းဆန့်တယ် လူချစ်လူခင်များတယ် စာတော်တယ် ငယ် ကတော့ အခန်းအောင်းပြီး စာဖတ် ရုပ်ရှင်ကြည့် အိပ်ရတာ နှစ်သက်တယ် သူငယ်ချင်းလည်း သိပ်မရှိဘူး စာကလည်းကိုကိုလောက်မတော်ဘူး...ရည်မှန်းချက်ရယ်လို့သေသေချာမရှိသေးဘူး.. ကိုကို ကတော့ ‌ဖ‌ေဖလို အောင်မြင်တဲ့ စီးပွါးရေးပညာရှင်တစ်ယောက်ဖြစ်ဖို့က အဓိကသူ့ရည်မှန်းချက်ပဲ ...
ဒီနှစ်ကဆယ်တန်းတက်ရမှာဆိုတော့ မေမေကအထက်တန်းပြဆရာမဖြစ်တာကြောင့် ညီအကိုနှစ်ယောက်လုံးကိုအပြင်ကျူရှင်တွေမယူစေပဲ အိမ်မှာ ဆရာတွေခေါ်သင် ပြီး ဂိုက်ခေါ်ပေးမယ်တဲ့...
.
.
.
"ဟော သား သက်တန့်ရောက်ပြီလား လာထိုင်အုံးကွယ် သားမေမေကော နေကောင်းလားကွယ့်တီချယ်က‌ေလး‌ေတွ ခေါ်လိုက်အုံးမယ်"

ဒေါ်ကြူကြူအိမ်ရှေ့ခန်းတွင် စာဖတ်နေတုန်း အမြွှာတို့၏ဂိုက်ဆရာတဖြစ်လည်း ကိုယ့်ရဲ့ ကျောင်းသားဟောင်းသက်တန့်က စာသင်ပေးရန်ရောက်လာ၍ နှုတ်ဆက်လိုက်သည်..

"ဟုတ်ကဲ့ တီချယ် မေမေ ကတော့ကျန်းမာပါတယ် အေးဆေးလုပ်ပါ တီချယ် ရပါတယ်"

သက်တန့် Sofa တွင်ဝင်ထိုင်ရင်းပင် တီချယ့်၏အမေးအားပြန်ဖြေတော့...

"အကြီးလေး နဲ့ အငယ်လေး ရေ သားတို့ကို စာသင်ပေးမယ့်ဂိုက်ဆရာ ရောက်ပြီ စာကြည့်ခန်းထဲ ခေါ်သွားလိုက်ကြဦး‌ေနာ် မေမေ ပြီးမှ မုန့်လာပို့ပေးမယ်နော် "

ညီအစ်ကိုနှစ်ယောက် မေမေခေါ်၍ ထမင်းစားခန်းထဲတွင် မုန့်စားနေရာမှဧည့်ခန်းထဲသို့ထွက်လာလိုက်တော့ အသားဖြူဖြူ အရပ်ရှည်ရှည် နှင့် ဉပတိရုပ်ကောင်းသည့် အကိုတစ်ယောက်ကို တွေ့လိုက်ရသည်..

"ဟုတ် မေမေ "

"မဂ္လာပါ ဆရာ ကျွန်‌ေတာ့်နာမည် ကောင်းကင်ပြာ ပါ ဒါကျွန်တော့် အမြွှာ ညီ တိမ်ဆိုင်ငယ်တဲ့ ငယ် ဆရာ့ကို မိတ်ဆက်လိုက်လေ "

တိုးတိုးတိတ်တိတ် [Completed]Место, где живут истории. Откройте их для себя