Part 2 (Uni)

4.5K 292 9
                                    

တိုးတိုးတိတ်တိတ်

အပိုင်း(၂)

Unicode

"ဟိုမှာ ကိုကြီးရောက်နေတာ ပဲ ကိုကို"

ငယ်တို့ ကျောင်းထဲဝင်လာတော့ အောင်စာရင်းကပ်တဲ့ နားမရောက်ခင် ကိုကြီးကိုလှမ်းတွေ့လိုက်ရသည်..

"ဟင် ဘယ်မှာ ဟာ ဟုတ်ပါ့ အကိုတို့များကိုယ်တွေညီအကိုထက်တောင်စောနေပါ့လား "

ငယ် , လက်ညှိုးညွှန်ကာပြသည့်နားကို ကြည့်လိုက်တော့ အကိုက ချည်သားအကျီ နဲ့ ပုဆိုးလေးကိုဝတ်ဆင်ထားကာ အိမ်နေရင်းအတိုင်းထွက်လာသည့်ပုံပါပဲ..

"ကိုကြီး"
"အကို"

"ညီတို့ အောင်စာရင်းလာကြည့်ကြတာလား အကိုက အခုပဲညီတို့ဆီကိုဖုန်းဆက်တော့မလို့  "

သက်တန့် , ကောင်းကင်တို့ထံ ဖုန်းဆက်ရန်ပြင်နေတုန်း ညီအစ်ကိုနှစ်ယောက်က ကိုယ့်နား ရောက်လာကြသည်..

"ဟင် ကိုကြီး အောင်စာရင်းြကည့်ပြီးပြီးလား ငယ် အောင်ရဲ့လားဟင် ကိုကိုကော ဂုဏ်ထူးတွေ ပါရဲ့လား ကြောက်လာဘီလိုစ့် ကိုကိုရေ ဝါးးး "

ငယ် ,ကတော့ ထုံးစံအတိုင်း တစ်ခုခုဆို မျက်ရည်လေး ဝဲ တဲတဲ..

"ဟားးး အငယ်လေးရယ် မငိုပါနဲ့ နှစ်ယောက်လုံးအောင်တာမှ ဂုဏ်ထူးတွေနဲ့ ဒီမှာကြည့် " ဟု

ဆိုကာ ဓာတ်ပုံရိုက်ထားသော အောင်စာရင်းလေးကိုပြလိုက်သည်..

"Wow ...ကိုကိုက All D ငယ်က 3D မေမေရေ ပျော်လိုက်တာ ကိုကိုရေ ဒီမှာ ကြည့်တွေ့လား တွေ့လား အဟီး ပျော်လိုက်တာ ယေ့ ယေ့ "

ငယ်တစ်ယောက်အခုကြတော့လည်းအစောနက သူမဟုတ်သလို ပျော်မြူးကာ ကောင်းကင်လက်ကိုချိန်၍ ခုန်ပေါက်နေသည်..

"ကိုကိုပြောသားပဲ ငယ့်ကို မကြောက်ပါနဲ့လို့ ကိုကိုတို့တွေဖြေနိုင်ကြတာ သိရဲ့သားနဲ့ ‌ေ‌နာ် အကို"

ငယ် ၏ လက်လေးကိုကိုင်ထားလျက်ပင် ကောင်းကင် စကားပြောနေမိသည်..

"ဒါပေါ့ကွ ကဲဘာလိုချင်ကြလဲစဉ်းစားထား ပြီးရင်ဖုန်းဆက်လိုက်အကိုက ကိုယ့်ညီတွေကိုဆုချမှာ "

တိုးတိုးတိတ်တိတ် [Completed]Donde viven las historias. Descúbrelo ahora