တိုးတိုးတိတ်တိတ်
အပိုင်း(၁၂)
Zawgyi
ဒေါ်ကြူကြူ မူကြိုကပြန်လာပြီးထဲကကာတွန်းအရုပ်ကလေးတွေနှင့်ကစားနေသော ဘုဏ်းလေး အားကြည့်ရင်း ဝမ်းသာမျက်ရည် ကျမိသည် ၊ ဒါကို ဘုဏ်းလေးနှင့်အတူ အဖော်ပြု ကစားပေးနေသော ခင်ပွန်းဖြစ်သူ ဦးထင်ကျော် က မြင်ကာ မိန်းမဖြစ်သူ အား ပုခုံးလေးဖက်သာ နှစ်သိမ့်ပေးနေမိသည်...
"ဖေဖေက မေမေကို ဘာရို့ တီရောက်ထဲ ဖက်ထားတာယဲ တားတား လည်း ဖက်မှာပေါ့ ရို့ "
တားတား လည်း ဖက်မယ်ဆိုကာ ဦးထင်ကျော်နဲ့ ဒေါ်ကြူကြူ တို့ကြားထဲသူ့လက်သေးသေးလေးတွေနှစ်ဖက်ဖြင့်ဝင်ဖက်ပါသော ဘုဏ်းလေး
ဒေါ်ကြူကြူ SG မှာ နှလုံး အစားထိုး ခွဲစိတ်တာ အောင်မြင်ပြီး လအနည်းငယ်ကြာပြီး နောက် မြန်မာပြည် ပြန်လာတော့ သားဖြစ်သူ ကောင်းကင် အစားအသောက် ပျက်ကာ အော့အန်နေသဖြင့် မိသားစု ဆရာဝန် ဖြင့် စမ်းသပ်ကြည့်တာ မယုံနိုင်စရာ သားလေး မှာ ကိုယ်ဝန် လွယ်ထားရတယ်တဲ့ မယုံကြည်နိုင်လောက်ပေမယ့် လက်ခံလိုက်ရပါတယ် ဘာလို့ဆို သားတို့အမြွှာလေးတွေ မွေးတုန်းက ဆရာဝန်ကြီးက ပြောခဲ့ဖူးတယ် သားအကြီးလေး က ယောကျာ်းလေးပေမယ့် မွေးရာပါ သားအိမ်ပါတယ်တဲ့ ဒါကြောင့်မို့ ခင်ပွန်းဖြစ်သူ ဦးထင်ကျော်ကလည်း
ငယ်စဉ် ကတည်းက ကလေးတွေကို ကိုယ်ခံပညာ သင်စေခဲ့တာ ..
စစသိခါစမှာ ခင်ပွန်းဖြစ်သူ မှာ ဒေါသထွက်ပေမယ့် ကိုယ်တွေမှာလည်း မျိုးဆက်က ရှိမှမရှိပဲကို နောက်ဆုံး ခင်ပွန်းဖြစ်သူလည်း သူ့သားလေးကို သနားကာ အားပေးပြီး ဝိုင်းဝွန်းစောင့်ရှောက်ပေးခဲ့ကြတယ်..ယောကျာ်းလေး ကိုယ်ဝန်ဆောင်ဆိုတော့ ဗိုက်ကလည်း သိပ်မသိသာဘူးလေ မွေးခါနီး သုံးလ လောက်အလိုမှသာ မိမိ၏ နှလုံးရောဂါအကြောင်းပြကာ Company မသွားစေတော့ပဲ SG မှာ သားအမိနှစ်ယောက် ကလေးမွေးဖို့ပြင်ဆင်လိုက်ကြတယ် ဒါကြောင့်သာ မြန်မာပြည်က သူတွေက ဘုန်းခန့်ညီလေးကို ဘယ်က မိန်းကလေးနဲ့ရတာလဲ ထင်နေကြတာ သူတို့ကိုလည်း ပုဂ္ဂိုလ် ရေးအရ ရှိန်ကြတော့ ဘယ်သူ မှမမေးရဲကြဘူး မောင်ကျော်ရဲခေါင် နဲ့ မောင် ဇေယျ တို့နှစ်ဦးကသာ အဖြစ်မှန်တွေ သိကြတာလေ..မွေးလာတော့ ကလေးလေး က မယုံနိုင်စရာ အငယ်လေး ငယ်ငယ်တုန်းကနဲ့ချွတ်စွတ် ဘယ်ဘက်ပါးမှာစံပယ်တင် မှည့်လေးပါတာကအစတူသည်လေ ၊ ကိုယ်ဝန်ရှိတယ်လို့မသိခင် နှလုံးခွဲစိတ်ပြီးနောက် နေ့တွေ့ အမြဲလိုလိုအိပ်မက်မက်လေ့ရှိ သည် ကငယ်က မေမေ သားပြန်လာနေမယ်နော် ဟုဆိုကာပြောလေ့ရှိသည်...ဘုဏ်းလေးစကားပြောတတ်ခါစကဆို ဖွားဖွား ဖိုးဖိုး ဖေဖေ ဟုသင်ပေး၍ မရ မေမေ ဖေဖေ ကိုကို ဟူ၍သာခေါ်နေခဲ့တာ အခုတော့မိသားစုလေးပြည့်စုံနေပါပြီ သားငယ်လေးကလည်း တစ်နည်းတစ်ဖုံ ဖြင့် ဒီမိသားစုလေးထဲကို ပြန်ရောက် လာခဲ့ပြီလေ..
.
.
_________________
YOU ARE READING
တိုးတိုးတိတ်တိတ် [Completed]
RomanceUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...
![တိုးတိုးတိတ်တိတ် [Completed]](https://img.wattpad.com/cover/262692095-64-k983170.jpg)