Part 6 (Uni)

3.3K 215 0
                                        

တိုးတိုးတိတ်တိတ်

အပိုင်း(၆)

Unicode

တစ်လခန့်ကြာပြီးနောက်

"သား ညီလေးကြောင့် စိတ်ဆင်းရဲနေမှန်း ဖေဖေ သိပါတယ်  ကျောင်းကနေလည်း ခွင့်ယူလာတာရက်ကြာနေပြီလေ ငယ် လည်း သတိကပြန်မရလာသေးဘူး သားကလည်း ကျောင်းပြီး ဖို့ တစ်နှစ်လောက် ပဲ လိုတော့တာမှတ်လား ဒါကြောင့်ကျောင်းပြီးအောင်အရင်ဆက်တက်လိုက်ပါကွာ ဖေဖေ ရဲ့သားတွေ ပညာရေး တပိုင်းတစ ဖြစ်နေမှာ ဖေဖေ မလိုလားဘူး  ဖေဖေ ပြောတာနားလည်တယ်မှတ်လား "

ဆေးရုံ အခန်းထဲတွင် တိတ်ဆိတ်စွာထိုင်နေကြတုန်း ဖေဖေဘက်မှစတင်ကာ စကားဆိုလာသည်..

" မေမေလည်း သားဖေဖေ သဘောအတိုင်းပဲ  သားရည်မှန်းချက်တွေ တပိုင်းတစ မဖြစ်စေချင်ဘူး ငယ် သိရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူးကွယ် "

"ဟုတ် သားနားလည်ပါပြီ ဖေဖေနဲ့မေမေ ‌ကျောင်းပြီးအောင် တက်ပြီး သားပြန်လာခဲ့ပါမယ် ငယ်ရေ မြန်မြန် သတိရလာတော့နော် ကိုကို တို့ဘွဲ့ဝတ်စုံ တူတူဝတ်ပြီး ဓာတ့်ပုံရိုက်ကြရမယ်လေကွာနော် "

ကောင်းကင်တစ်ယောက် ငယ် လက်ကလေးအားကိုင်ကား ပြောရင်း မျက်ရည်များ ကျမိလာတော့တယ်...

**ဒေါက် ဒေါက်** (တံခါးခေါက်သံ)

"အန်ကယ်လ် တီချယ် ကျွန်တော် ငယ့်‌ေမွး‌ေန့မို့ , ငယ့် ကို လာကြည့်တာပါခင်ဗျ " ‌

သက်တန့်တစ်ယောက် ဒီနေ့က ငယ့်မွေးနေ့မို့ ငယ်ကြိုက်တဲ့ Cheese Cake လေးရယ် နှင်းဆီအနီရဲရဲ ပန်းစီး လေးကိုသယ်ကာ ကုတင်စီလျှောက်လာလေသည်။တွေ့လိုက်ပါပြီ သူ့ အချစ်ဦး ကောင်းကင်ပြာ နာမည်လေးနဲ့လိုက်အောင် မျက်ဝန်းပြာလေးတွေရှိသော ကောင်လေး မတွေ့ရတာကြာလို့ထင် အရင်ကထက်ပိုချော ပိုခန့်လာလို့ အရပ်တောင်ရှည်လာပုံရသည်။ ကုတင်ပေါ်တွင်တော့ ငြိမ်းချမ်းစွာအိပ်နေသော ကိုယ့်ကိုအရမ်းချစ်တတ်တဲ့ ငယ်ပါလေ

"ဟုတ်ပါရဲ့ အချိန်တွေကုန်တာ မြန်လိုက်တာ ဒီနေ့ ကမေမေ့သားလေးတွေ အသက်နှစ်ဆယ် တင်းတင်း ပြည့်တဲ့နေ့ပဲ ငယ်လေးစိတ်နဲ့ မွေးနေ့ရက်တောင် မေ့နေ့တာကွယ် ကျေးဇူးပါ သားသက်တန့်ရေ သားလည်း ဒီအမြွှာ ညီအကိုလေးတွေအပေါ်သံယောဇဉ် တွယ်ရှာတာကွယ် "

တိုးတိုးတိတ်တိတ် [Completed]Место, где живут истории. Откройте их для себя