တိုးတိုးတိတ်တိတ်
အပိုင်း(၁၁)
Unicode
မောင်တိမ်ဆိုင်ငယ်
အသက်(၂၁)စိတ်ချလက်ချနဲ့ကောင်းတဲ့ဘုံဘဝ ကို သွားပါတော့ ငယ် ကိုကို ငယ့်အတွက် အကောင်းဆုံး လက်စားချေပေးခဲ့ပါတယ် ၊ ကိုကို့ က ငယ့်ကိုအချစ်ဆုံးဆိုတာ ငယ် ယုံကြည်တယ်မှတ်လား ၊ ငယ် ပျော်နေပါတော့နော် အခုဆို ကလျာ လည်း သူလုပ်ခဲ့တဲ့ မိုက်ပစ်တွေကြောင့် Car Accidentဖြစ်ပြီး စိတ်ရောဂါကု ဆေးရုံမှာ ဆေးကုမှုခံယူနေရပြီ ၊ ကိုညီသက်တန့် အမေက လည်း သာ့သနာဘောင် အပြီးဝင်သွား ပြီမို့ သူလည်း စိတ်သစ်လူသစ် ဘဝသစ် စတင်ဖို့ နိုင်ငံခြားကို ထွက်သွားပြီ ၊ မေမေလည်း နှလုံး ခွဲစိတ် ကုသမှု အောင်မြင်တယ် ငယ် အခုဆို လူကောင်းတစ်ယောက်လို ပြန်ဖြစ်လာပါပြီ ၊ ကိုကို လည်း ဖေဖေ့ကို ကူညီ နေပြီမို့ ဖေဖေ လည်း တာဝန်တွေ ပေါ့လာတော့မှာပါ ၊ ဒါကြောင့် ငယ် ဘာမှ နောက်ဆံမတင်းတော့ပဲ အနှောင်အဖွဲ့ကင်းကင်း နဲ့ ဘဝသစ်မှာ ပျော်ရွှင်စွာနေထိုင်ပါ ငယ် ကိုကို ဆုတောင်းပေးပါတယ် ...
ကောင်းကင် ငယ့် ရဲ့ အုတ်ဂူလေးပေါ်တွင် နှင်းဆီအနီပန်းစီးလေး တင်ကာ ငယ့်ကို စကားတွေပြောရင်း မျက်ရည်များကျ နေမိသည်...At HMK Shopping Center
သက်တန့် ဈေးဝယ်နေရင်း သူ့ဘောင်းဘီစအားအောက်ကဆွဲနေသည်လို့ ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သောအခါ ၃နှစ်အရွယ် ကလေးလေး တစ်ယောက် ယောကျာ်းလေး အဝတ်အစားများဆင်ပေးထားပေးမယ့် တကယ့် မိန်းကလေးချော ချောလှသည် စိတ်ထဲ ကလေး နဲ့ ငယ့်ကိုတောင် ပြေးသတိရသွားသည်
KAMU SEDANG MEMBACA
တိုးတိုးတိတ်တိတ် [Completed]
RomansaUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...