တိုးတိုးတိတ်တိတ်
အပိုင်း(၁၄)
Unicode
သကြ္န် ရုံးပိတ်ရက်တွေ ဖြစ်သည်မို့ ကောင်းကင်တို့မိသားစု Maldives သို့ခရီးထွက်လာခဲ့သည် ..သက်တန့်လည်း ဘုဏ်းလေး နှင့် တီချယ်တို့ကိုကပ်ကာ ကောင်းကင်တို့မိသားစုနဲ့ အတူအတူလိုက်ပါလာသည်..
ညနေခင်းနေဝင် ချိန် ဖြစ်သဖြင့် ကောင်းကင် သားဖြစ်သူဘုဏ်းလေးနှင့်အတူ နေဝင်ချိန်အားကြည့်နေကြသည်..
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
"ဖေဖေ တားတားကို ညီညီယေး တွေ မွေးပေးပါရား နော် နော် "
ကောင်းကင် အံဩသွားရသည် သားကဘယ်တုန်းကမှ သူ့ကိုဖေဖေလို့ေခါ်ဘူးတာမဟုတ်ဘူးလေ စကားစပြောတတ်ထဲက ကိုကို လို့သာ ခေါ်လာခဲ့တတ်တာမှတ်လား..
"ဘုဏ်းလေး ဖေဖေ့ကို ဘယ်လို ခေါ်လိုက်တယ် ပြီးတော့ ညီညီလေးတွေမွေးပေး ဟုတ်လား "
"ဟုရယ် တားတားကို ကိုကြီးက ဟိုးတရောကဖေဖေ ဗိုက်ပူပူယေးနဲ့ပုံယေး ပြရယ် အာ့ဗိုက်ယေးထဲကယေ တားတားကို ရတာတာတဲ့ ကိုကြီးက တားတား Daddy ကိုကိုက တားတား ဖေဖေ တဲ့ ဖေဖေ နဲ့ မေမေကို ဖိုးဖိုး နဲ့ဖွားဖွားရို့ ခေါ်ရမယ်ဒဲ့ နော် ဖေဖေ တားတား လည်း မူကြိုက တူနယ်ဂျင်း တေယို ကလေးပိစိ လေးတွေရိုချင်တယ် မွေးပေး နော် ဖေဖေ မွေးပေးရို့ "
ဘုဏ်းလေးက လည်း လိုချင်တာကို ဇွတ်တွေပူဆာနေတော့တာ..
ကောင်းကင် သားဖြစ်သူအား ရင်ခွင်ထဲပိုက်ကာ ခေါင်းမွေးလုံးလုံးကို နက်ရှိုက်နေလိုက်သည်..
သက်တန့်လည်း သူ့အသည်းအသက်လေးနှစ်ဦးကို အဝေးက လှမ်းကြည့်ရင်း ပြုံးနေမိသည်..
ESTÁS LEYENDO
တိုးတိုးတိတ်တိတ် [Completed]
RomanceUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...
![တိုးတိုးတိတ်တိတ် [Completed]](https://img.wattpad.com/cover/262692095-64-k983170.jpg)