Part 8 (Uni)

3.1K 212 2
                                        

တိုးတိုးတိတ်တိတ်

အပိုင်း(၈)

Unicode

ကောင်းကင်လည်း ဒီနေ့မှထီးကလည်းမပါလာ ၍ Car Parking မှ Company ရုံးခန်းသို့ အပြေးလေး လာခဲ့ပေမယ့်အငြိုးတကြီးသည်းလွန်းသော မိုးကြောင့်အကုန် စိုရွှဲကုန်တော့သည်...
သက်တန့် တံခါးဖွင့်သံကြား၍ မျက်လုံးလေး မှိတ်ထားပြီး သီချင်းနားထောင်နေရာမှ ဖွင့်ကြည့်လိုက်သောအခါ တွေ့လိုက်ရသော သူ့၏ ကောင်းကင်ပြာ မိုးမိထား၍ တစ်ကိုယ်လုံး စိုရွဲကာ နှုတ်ခမ်းလေးများပင် ပြာ၍ တုန်နေသည်လေ....

"ညီ ရာ တကိုယ်လုံး စိုရွဲနေတာပဲ တုန်တောင်နေပြီ ထီးမပါလည်း ကိုယ့်ကို ဖုန်းဆက်ပြီး car parking မှာ လာကြိုဖို့ပြောရင် ရတာကိုကွာ "

"ရပါတယ်ဗျ ကိစ္စမရှိပါဘူး Design ပြီးပြီဆို ဘယ်မှာလဲ "

ကောင်းကင်လည်း အမှန်တကယ်ဆို မိုးမိရင်ဖျားတတ်သော အကျင့်ရှိတာကြောင့် မြန်မြန် ကိစ္စဖြတ်ပြီး အိမ်သို့သာ ပြန်ချင်နေတော့သည် ။

"ဘာကိုရပါတယ်လဲ ညီ ၊ မိုးမိရင် ဖျားတတ်တာ ငယ်ငယ်ထဲကလေ ဘာလို့ ကိုယ့်ကို ကိုယ် ဒုက္ခရောက်အောင် လုပ်ရတာ လဲ ရော့ ဒီမှာ ကိုယ် အကျ္ီ ခနလဲဝတ်ထား ဒီတိုင်း ဆို ညီ ဖျားလိမ့်မယ် မနက်ဖြန် လည်း ခရီးသွားစရာ ရှိတယ် မဟုတ်လား"

သက်တန့်လည်း မနေနိုင်စွာ ပြောမိလေတော့

ကောင်းကင်လည်း သက်တန့်ပြောတာ အမှန်တွေမို့ ထိုလူ ကမ်းပေးသော အဝတ်အစားတို့ကို ယူကာ Bathroomထဲ ဝင်လဲလိုက်သည် ။

သက်တန့် အဝတ်အစား လဲနေသော ကောင်းကင်ကိုစောင့်ရင်း ကော်ဖီပူပူလေး ဖျော်နေလိုက်သည် ၊ ဟော ထွက်လာပါပြီ သူ့ရဲ့ ကောင်းကင်ပြာ Size ပွ အကျ္ီ နဲ့ ဘောင်းဘီ တို့ကို ဝတ်ထား ရ၍ လူက အကျ္ီ တွေကြားထဲ မြုပ်လို့ ဆံပင်ပြာလေးတွေကလည်း ရေစို နေသောကြောင့် နဖူးရှေ့ကျကာ အုပ်အုပ်ဝိုင်းဝိုင်းလေး နဲ့ မို့ ငယ်ငယ်တုန်းကပုံလေးပြေးမြင်ကာပြုံးမိသည်...

"ခင်ဗျား ဘာလို့ လူကိုပြုံး ကြည့်နေတာလဲ "

ကောင်းကင် လည်း သူ့ ထက် ခန္ဓာကိုယ်ထွားသော သက်တန့် အဝတ်အစားများထားကို ဝတ်ထားရ၍ ကလေး ပုံ ပေါက်နေသော မိမိ ပုံစံကြောင့် ရှက်ရမ်းယမ်းပြီး စကားဆိုလိုက်တော့...

တိုးတိုးတိတ်တိတ် [Completed]Tempat cerita menjadi hidup. Temukan sekarang