တိုးတိုးတိတ်တိတ်
အပိုင်း(၅)
Zawgyi
"ဟင် ဒါ မဟုတ်ဘူး လုံးဝ မဖြစ်နိုင်တာ ကိုယ် ကလျာ နဲ့ တစ်ခါ မှ ငြိမစွန်းဘူးပါ ကွာ တကယ်ပါ ဘုရားစူး ယုံပါ ကောင်းကင်ရာ ကိုယ်လွန်ခဲ့တဲ့ တစ်လလောက်က Company က New Year Partyမှာ ညဘက် လုပ်ဖော်ကိုင်ဘက်တွေနဲ့ လူငယ်သဘာဝစားကြသောက်ကြရင်း အိမ်မပြန်နိုင်ပဲ အမူးလွန်ပြီး Hotel မှာ ညအိပ်ပျော်ဖူးတယ် ကိုယ်နှိုး လာတော့ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး ကိုယ်လည်း ဘာမှမဖြစ်လောက်ဘူးလို့ပဲ ထင်ခဲ့မိတာပါကွာ ။ ဒါ သတ်သတ် ယုတ်မာတဲ့ အကြံအစည်ကြောင့်ဖြစ်လာတဲ့ပုံ နေမှာပါကွာ ၊ ဒါဖြင့်ရင် ဒီပုံ ကြောင့် ငယ် က အခုလို car accident ဖြစ်ရတာလား "
ကောင်းကင် ပို့လာသည့်ပုံကိုကြည့်ရင်း သက်တန့် ခေါင်းတို့ပင်ရှုပ်လာကာ အမှန်မဟုတ်သည့် လိမ်လည်ခြင်းကြောင့်လည်း ဒေါသထွက်ရသည်..
"ဒီ့ထက် ခိုင်လုံတဲ့အကြောင်းပြချက် ရှိရအုံးမလား ကိုညီသက်တန့် ခင်ဗျား ဘယ်လိုပဲ မဟုတ်ပါဘူး ငြင်းဆို ဆို ကျွန်တော် ကတော့ No မယုံဘူး ခင်ဗျားတို့ကြောင့် ကျွန်တော့် ညီ အခုဆေးရုံမှာ လဲလျောင်းနေရပြီ ဘယ်အချိန်မှ ဘယ်သတိရလာ မှာလည်းမသိ ခင်ဗျား တို့ကို တစ်သက် မကျေဘူး မှတ် မုန်းတယ် "
ကောင်းကင် , အကို့အားစိတ်တိုစွာပင် စကားများပြောကာ ဖုန်းချပစ်ပလိုက်သည်..
တီ......
ညီသက်တန့် POV
မုန်းတယ်တဲ့လား ညီရယ် မင်းမသိပါဘူး ကိုယ်ကလေ စတွေ့ထဲက ဖော်ရွေတက်ကြွတဲ့မင်း , ငယ့်အပေါ်ဆို အနွံတာ ခံပြီး လူကြီးဆန် တဲ့ မင်းလေးကို နှစ်နှစ်ကာကာချစ်မိနေသူပါ။ ချစ်တယ် လို့ သတ္တိရှိရှိ ဖွင့်မပြောရဲတဲ့ လူပျော့ လူညံ တစ်ယောက်ပါ။တစ်နေ့ ငယ်က ကိုယ့်ကိုချစ်တယ်လို့ ဖွင့်ပြော လာတဲ့နေ့မှာ ကိုယ် မငြင်းဆန်နိုင်ဘူး ဘာကြောင့်လဲ ဆိုတော့ ကိုယ်နားလည်တယ်လေ တိတ်တခိုး ချစ်နေရတာ ဘယ်လောက်တောင် ပင်ပန်းရလဲဆိုတာကို ဒါကြောင့် ငယ့်ကို ကိုယ် ညီလေးတစ်ယောက် လို ဖြူဖြူစင်စင်လေး ချစ်ပြီး စောင့်ရှောက်ပေးလာခဲ့တာပါကွာ အခုလိုတွေ ဖြစ်လာဖို့အတွက်မှမဟုတ်တာ။ ကလျာဆိုတာလည်း ငယ် နဲ့မှ ပတ်သတ်ပြီး ခင်မင်ခဲ့ရတာပါ သူမ ဖခင်ကလည်း သူ့သမီးလေးကို စာ သင်ပေးလို့ ကျေးဇူးတင်တာနဲ့ရယ် ကိုယ်တို့လို လူငယ် Architects တွေ ကို သူတို့ Company မှာအလုပ်ခေါ်နေတာ တစ်ကြောင်းမို့ အလုပ်ဝင်လုပ်မိတာပါ ဘာတွေကများမှားယွင်းနေခဲ့ရတာလဲ ကွာ ကလျာ မင်းနဲ့ ငါ တွေ့ပြီပေါ့ ငါကတော့ ညီမလေးတစ်ယောက်လို သဘောထားဆက်ဆံပြီး စာပြပေးတာကို မင်းက ဒီလို နည်းနဲ့ ငါ့ကိုပြန်ဒုက္ခပေး ရက်တယ်ပေါ့ ဟားး
![](https://img.wattpad.com/cover/262692095-288-k983170.jpg)
ESTÁS LEYENDO
တိုးတိုးတိတ်တိတ် [Completed]
RomanceUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...