တိုးတိုးတိတ်တိတ်
အပိုင်း(၁၃)
Unicode
သက်တန့် လည်း ရုံးပိတ်ရက်မို့ ဘုဏ်းလေးကိုပြောထားတဲ့အတိုင်း ပုံတူပန်ချီကားလေးပေးရန်ဝရိယကောင်းစွာ မနက်စောစော ကလေး အိမ်သို့လာခဲ့လိုက်သည်...
"ဟယ် သား ညီသက်တန့် မှတ်လား မတွေ့တာကြာပြီကွယ် ပိုပြီးတောင်ခန့်ချောကြီးဖြစ်လာပြီလာလာ ထိုင်ဦး ၊သားမေမေ အမ မြမြထွေးကော သာ့သနာဘောင်အပြီးဝင်သွားပြီဆို သတင်းတွေတော့ ကြားပါတယ် ကွယ် နေကောကောင်းရဲ့လား "
"ဟုတ်ကဲ့ တီချယ် မေမေကတော့ကျန်းမာပါတယ် အခု စစ်ကိုင်းတောင် မှာ သူ့ ညီမ တစ်ဝမ်းကွဲနှင့်အတူ တရားအားထုတ်နေပါတယ်"
"အေးကွယ် တီချယ်ကတော့ အခုထိ မြေးထိန်းနေရတယ် တစ်နေ့ တစ်နေ့ မျက်စိအောက်က အပျောက်မခံရဲဘူး ဦးထင်ကျော် လည်း မြေးနဲ့ အသက်ကြီးမှ ဘောလုံးပါကန်နေရတယ်ကွယ် "
ဒေါ်ကြူကြူ တစ်ယောက်အခုတော့ အရင်ကလို ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာကာ မြင်ရကြားရတာမို့ သက်တန့် ကြည်နူးမိသည်..
ကလေးက အိမ်အတွက် ဆည်းလှည်းလေးကိုပြန်အသက်သွင်းပေးခဲ့တာပဲ.."ဘုဏ်းလေးကော နှိုးပြီလား တီချယ် ကျွန်တော် ဘုဏ်းလေးရဲ့ပုံတူပန်းချီလေး လက်ဆောင်လာပေးတာပါ"
"သားအဖနှစ်ယောက်လုံး အိပ်နေတုန်း သက်တန့်ရေ ၊ သားတက်သွားပြီး သွားနှိုးလိုက်လေ အရင်အခန်းပဲ "
ဒေါ်ကြူကြူ တစ်ယောက် သတိထားမိပါတယ် ..ညီသက်တန့်ဟာ ဘုဏ်းခန့်ညီ လေးရဲ့ဖခင်ဖြစ်မယ်လို့ ..ဒါကြောင့်သူတို့သားအဖလေးတွေကို အမြန်ဆုံး နီးစပ်စေချင်ပြီ..သားသက်တန့်ကလည်း လူတော်လူကောင်းလေးတစ်ယောက်မဟုတ်လား..
"ဟုတ်ကဲ့ တီချယ် ကျွန်တော် အပေါ်ထပ် တက်ပြီး ညီတို့သားအဖကို သွားနှိုးလိုက်မယ်ခင်ဗျ "
သက်တန့်လည်း ခွင့်ပြုချက်ရတာ နဲ့ တစ်ခါတည်း ကလေး အခန်းထဲသို့ ခြေသံလုံအောင် ဖွဖွ လေးနင်းကာ ဝင်လာလိုက်သည်..
ကုတင်ပေါ်တွင် ဖက်လုံးလေး အလယ်ကထားကာ ဖက်လုံးပေါ်ခြေထောက်တစ်ချောင်း စီတင်ကာ ပုံစံတူလေး အိပ်ပျော်နေကြသော သားအဖနှစ်ယောက် ချစ်မြတ်နိုးလွန်းလို့ ဖုန်းလေးဖြင့် ဓာတ်ပုံ ရိုက်ထားလိုက်သည်၊ နှိုးသွားတာနှင့် နှင်ထုတ်ခံရမည်ဆိုတာ သိတာကြောင့် အသာလေး ငြိမ်ကာ သားအဖနှစ်ယောက် အိပ်ပျော်နေသည်ကို စာကြည့် ထိုင်ခုံလေးကနေ ငေးကြည့်နေမိသည် ၊ ဘာရယ် မဟုတ် စာအုပ် အစွန်းမှထွက်နေသော ဓာတ်ပုံ အစလေးကိုတွေ့လိုက်သည်မို့ သိချင်စိတ်ဖြင့် လှန်ကြည့် လိုက်မိတော့ မထင်ထားဘူး ကလေးက ဗိုက် ကလေး ပူပူလေးဖြင့် ထိုဗိုက်လေး ပေါ်တွင် ဘုဏ်းခန့်ညီ ဆိုသော စာသားလေးရေးကာ အသည်းပုံ လေးရေးဆွဲထားသည် ၊ ဒါ ဒါဆို ဘုဏ်းလေး က ကလေးကိုယ်တိုင် ကိုယ်ဝန်ဆောင် ပြီးမွေးခဲ့တာပေါ့..
ဟုတ်သည် သူနဲ့ကလေး အတူတူနေပြီးနောက်ကွဲသွားကြတာ လေးနှစ် အခုဘုဏ်းလေးက သုံးနှစ် နာမည်တွင်လည်း ညီပါတယ် သေချာပြီ သူတို့နှစ္ယောက်၏သားလေးပေါ့..သက်တန့် ကလေးကို ချစ်လွန်းလို့ နှဖူးလေးကိုနမ်းကာရှိုက်ငိုမိသည်..
![](https://img.wattpad.com/cover/262692095-288-k983170.jpg)
ŞİMDİ OKUDUĞUN
တိုးတိုးတိတ်တိတ် [Completed]
RomantizmUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...