Part 3 (Uni)

3.8K 258 14
                                        

တိုးတိုးတိတ်တိတ်

အပိုင်း(၃)

Unicode

"ဖေဖေ နဲ့ မေမေ ကျန်းမာရေး ဂရုစိုက်နော် ဖေဖေလည်း အလုပ်တွေ အရမ်းဖိမလုပ်ပါနဲ့ သားကျောင်းပြီးရင် ဝိုင်းကူပါ့မယ်..မေမေလည်း အရမ်းစိတ်ဖိစီးအောင် မနေနဲ့နော် ဆရာဝန်ကစိတ်ပျော်အောင်နေဖို့ကို မှာထားတယ်မှတ်လား သားကို လွမ်းတယ်ဆိုပြီး ငိုမနေနဲ့ ။ ငယ်လည်း စာကြိုးစားနော် တက္ကသိုလ် ရောက်မှ မပေါ့သွားနဲ့ ဖေဖေနဲ့မေမေကို ကိုကို့အစား ပိုဂရုစိုက် ဟုတ်ပြီလား "

အခုဆို ကျောင်းသွားတက်ဖို့ရန် လေဆိပ်မှာရောက်နေပြီဖြစ်၍ ကောင်းကင် ဖေဖေ နှင့် မေမေတို့အားစိတ်မချသလို ခွဲရမှာမို့လည်း စိတ်မကောင်းဖြစ်ရပါသည်..မေမေ ကလည်းနှလုံးအားနည်းလာပြီမို့ ကောင်းကင်တို့ ဆယ်တန်း ပြီးတော့ အငြိမ်းစားယူလိုက်ရသည်လေ..

"ဟုတ်ပါပြီ ကိုကိုရယ် တကယ်ပဲမှာနေတာ မပြီးဘူး သိပါတယ်ဆို ဒါပဲ ခနခနပြောနေတာပဲ "

မှာတမ်းမဆုံးသော ကိုကိုအား ငယ် နှုတ်ခမ်းလေးစူစွာပြောလိုက်၏..

"သားလည်း ဟိုမှာ အစားအသောက်အနေအထိုင်ကအစ ဂရုစိုက်နော် ဖေဖေ လည်း အချိန်ရရင် သားစီ လာလည်ပါ့မယ်"

"သား မေမေ့ ကို ညတိုင်း လိုင်းပေါ်ကနေ VD call ခေါ်နော်  မေမေ့ သားလေးတွေနဲ့အကြာကြီးခွဲဖူးတာမဟုတ်ဘူး ပညာရေးမို့သာ လွှတ်ရတာ ဟင့် "

မေမေ ကတော့မျက်ရည်လေးဝဲကာစကားဆိုလာသည်..

"ဟုတ်ကဲ့ပါ ဖေဖေ နဲ့မေမေ ၊ သားလည်းဂရုစိုက်ပါ့မယ် VD call လည်း ညတိုင်းခေါ်မယ်နော် "

"ကဲကဲ အမှတ်တရ ဓာတ်ပုံလေး ရိုက်မယ် လာလာ ဦးတာ သားတို့ မိသားစု ပုံလေးရိုက်ပေး ကိုကို နဲ့အမှတ်တရ "

အိမ်ရဲ့ဆည်းလေးဖြစ်တဲ့ ငယ် ကတော့ တကယ်ကို ဝမ်းနည်းနေတဲ့လူတွေကို ပြုံးစေပါတယ်..ငယ် , အိမ်မှာ ရှိနေတာကိုပဲ တစ်ဖက်ကနေစိတ်ချရပါသည်..
.
.
"Tain Saing Nge Added A Photo With Kaung Kin Pyar "

သက်တန့် , ဖုန်းသုံးနေဆဲ Post တက်လာ၍ ကြည့်လိုက်တော့ လေဆိပ်မှာ ရိုက်ထားသည့်မိသားစုဓာတ်ပုံလေး

တိုးတိုးတိတ်တိတ် [Completed]Место, где живут истории. Откройте их для себя