Part 4 (Uni)

3.5K 254 0
                                        

တိုးတိုးတိတ်တိတ်

အပိုင်း(၄)

Unicode

"Buzz Buzz Buzz"

ကောင်းကင် စာလုပ်နေရင်း VD Call ဝင်လာသဖြင့် အံမယ် ငယ် ပါလား သူတို့  Anniversary Date ကို VD call ခေါ်ပြီး လှမ်းကြွားတယ်ထင်ပါ့...

"Happy Anniversary ပါ ငယ်နဲ့ အကို"

ဟု အစချီကာ ဖုန်း VD call ဖွင့်လိုက်သောအခါ..

"ငယ် ငယ် ငိုနေတယ် ဘာလို့လဲ ငယ် ဘာဖြစ်လို့လဲ ကိုကို့ ကို ပြောပါဦး စိတ်ပူလိုက်တာ ငယ်ရယ် အခု ဘယ်မှာလဲ ပြောပါဦး စိတ် အေးအေးထားနော် ကိုကို ရှိတယ် သိလား "

"ဟင့် ကိုကို ကိုကြီး ရက်စက်တယ် သူ..သူ ငယ့်ကို မချစ်ဘူး ကိုကြီးလေ ကိုကြီး က ကလျာ နဲ့  အဟင့် ဟင့် ကိုကို ငယ် လေ ကိုကြီးကို အရမ်း ချစ်တာ သိလား ကိုကို ရဲ့ ငယ် ပုံ ပို့လိုက်မယ် ကြည့်လိုက် ငယ် ပြောတောင် မထွက်ဘူး ကိုကို ငယ် စိတ်နာတယ် သူတို့ကို ငယ့် အပေါ်ကိုမှ လုပ်ရက်လိုက်ကြတာ ငယ် ဘာမှားနေလို့လဲ မှားနေရင် ပြောလေ ငယ် ပြုပြင်မှာပေါ့ အခုတော့ အခုတော့ ဟင့် ကိုကို ငယ်ဘယ်လို လုပ်ရမလဲ ပြောပါဦး ငယ် ကိုကြီးကို အရမ်းချစ်တာ ငယ် ကိုကြီးနဲ့ မခွဲနိုင်ဘူး ငယ် ရူးသွားလိမ့်မယ် ထင်တယ် မဟုတ်ဘူး ငယ် သေမှာ ငယ် သေမှာ ကိုကိုရဲ့ ဟင့် ဟင့် "

" WTF ဒါဒါ အကို နဲ့ ကလျာ လားမဖြစ်နိုင်တာ ငယ်ရယ် သေချာရဲ့လား ငယ့်ကို ဘယ်သူကဒီ ပုံ ပို့တာလဲ…ငယ် အခု ကားမောင်းနေတာ ခနရပ်ပြီး စိတ်အေးအေးထားနော် ကိုကို ရှိတယ် ကိုကိုဖြေရှင်းပေးမယ် ဟုတ်ပြီလား "

"အဲ့တာ ဟင့် ငယ့်ကို ကိုကြီး acc ကနေပို့တာ ဟင့်  ကိုကို ရဲ့ ငယ် ဘာလုပ်ရမလဲမသိတော့ဘူး ဟင့် ငယ်အခု ကိုကြီး နဲ့ ချိန်းထားတဲ့ စီသွားနေတာ ဟင့်  ငယ် ဘာလုပ်ရမလဲ ဟင် ကိုကို "

"ဟုတ်ပြီ ငယ် စိတ်အေးအေးထား အခုတော့ အိမ်ပဲ တန်းပြန်တော့ ဖုန်းကိုလည်း ထပ်ကြည့်မနေနဲ့တော့ ဟုတ်ပြီလား ကိုကိုလည်း အမြန်ဆုံး ပြန်လာနိုင်အောင် ကြိုးစားမယ် ငယ့် အတွက် ငယ့် အနားမှာ ကိုကို က အမြဲတမ်းရှိတယ် "

တိုးတိုးတိတ်တိတ် [Completed]Место, где живут истории. Откройте их для себя