တိုးတိုးတိတ်တိတ်
Final
Unicode
ကောင်းကင် ,အကို နှင့် အတိအလင်း လူသိရှင်ကြား လက်ထပ်ကြပြီးနောက် ဖေဖေ နှင့် မေမေ တို့ လက်ဖွဲ့သည့် အရင်အိမ်နှင့် မျက်စောင်ထိုး တိုက်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်မှာ အခုဆို ၅ လဝန်းကျင်ခန့်ပင်ရှိပြီဖြစ်သည်...
ဘုဏ်းလေးကတော့ သူ့မှာ Daddy နှင့် ဖေဖေ နှစ်ယောက်တောင် ရှိပြီဟုဆိုကာ မူကြိုတွင်လည်း သူငယ်ချင်းများကို ကြွားနေတတ်သည်ဟူ၍ မေမေတို့ကို ဆရာမကပြန်ပြောသည်တဲ့လေ...
ဒီနေ့လည်း လာမည့် တနလာ္နေ့တွင် မူကြို က သူငယ်ချင်းမွေးနေ့ ရှိ၍ လက်ဆောင်ပေးချင်ဟုပူဆာသဖြင့် သားအဖ သုံးယောက် Shopping Mall သို့လာကာ သူ့အကြိုက်ရွေးချယ်ရသည်...
"Daddy ဒီ ကားလေး မိုက်ရယ်နော့ "
"သားလေး ကြိုက်လို့လား , ယူလေကွာ "
"အွန်း ကြိုက်ရယ် but ထပ်ရှာ ကျိအူးမယ် ဟိဟိ "
အာ့လိုလည်ပါသည်ဆို ကြိုက်တာ တွေ့တာတောင် ဒီထက် ကောင်းသည့်ဟာများကိုလိုချင်နေသေးသည့် ဘုဏ်းလေး...
အရပ်ကလေးကပုပုနှင့် တင်လေးကလုံးနေကာ တစ်ယောက်ထဲအရှေ့ကလျှောက်ကာ ဟိုရွေး ဒီရွေး နှင့် အဖေနှစ်ယောက်က အနောက်ကလိုက်လို့ပေါ့...
"အာ တွေ့ဘီ တွေ့ဘီ ဒီတီခု ယူမယ် ဖေဖေ ..Daddy ငွေရှင်းလိုက်နော် ဟီး "
"ဟုတ်ပါပြီကွာ လာသွားမယ် "
သက်တန့် လည်း ဘုဏ်လေးကို ချီကာ ငွေရှင်းရန်ထွက်လာခဲ့လိုက်သည်...
"ဟင်..ကောင်း ,ကောင်းကင်ပြာ မှတ်လား၊ ငါ ကလျာလေ မှတ်မိသေးလား "
ကောင်း , မိမိအား လာနှုတ်ဆက်သည့် မိန်းကလေးကိုကြည့်လိုက်တော့ မြန်မာ ရင်ဖုံးအကျ္ီနဲ့ချည်သား ထဘီ လေးတို့ကိုဝတ်ဆင်ထားပြီး မိတ်ကပ် ပါးပါးလေးနှင့် ယဥ်ယဥ်လေး လှနေသော ကလျာကြောင့် လူများတူတာလားဟူ၍ ဇဝေဇဝါဖြစ်သွားမိသည်..
"အင်း မင်းနေကောင်းသွားပြီပေါ့"
"ဆေးရုံကဆင်းလာတာ ၆ လကျော်ကျော်တော့ ရှိသွားပါပြီ ၊ နင်အချိန် ရလားကောင်း ငါ စိတ်ရင်း နဲ့ နင့်ကိုတောင်းပန်ချင်လို့ပါဟာ "
![](https://img.wattpad.com/cover/262692095-288-k983170.jpg)
ESTÁS LEYENDO
တိုးတိုးတိတ်တိတ် [Completed]
RomanceUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...