တိုးတိုးတိတ်တိတ်
အပိုင်း(၂)
Zawgyi
"ဟိုမှာ ကိုကြီးရောက်နေတာ ပဲ ကိုကို"
ငယ်တို့ ကျောင်းထဲဝင်လာတော့ အောင်စာရင်းကပ်တဲ့ နားမရောက်ခင် ကိုကြီးကိုလှမ်းတွေ့လိုက်ရသည်..
"ဟင် ဘယ်မှာ ဟာ ဟုတ်ပါ့ အကိုတို့များကိုယ်တွေညီအကိုထက်တောင်စောနေပါ့လား "
ငယ် , လက်ညှိုးညွှန်ကာပြသည့်နားကို ကြည့်လိုက်တော့ အကိုက ချည်သားအကျီ နဲ့ ပုဆိုးလေးကိုဝတ်ဆင်ထားကာ အိမ်နေရင်းအတိုင်းထွက်လာသည့်ပုံပါပဲ..
"ကိုကြီး"
"အကို"
"ညီတို့ အောင်စာရင်းလာကြည့်ကြတာလား အကိုက အခုပဲညီတို့ဆီကိုဖုန်းဆက်တော့မလို့ "
သက်တန့် , ကောင်းကင်တို့ထံ ဖုန်းဆက်ရန်ပြင်နေတုန်း ညီအစ်ကိုနှစ်ယောက်က ကိုယ့်နား ရောက်လာကြသည်..
"ဟင် ကိုကြီး အောင်စာရင်းကြည့်ပြီးပြီးလား ငယ် အောင်ရဲ့လားဟင် ကိုကိုကော ဂုဏ်ထူးတွေ ပါရဲ့လား ကြောက်လာဘီလိုစ့် ကိုကိုရေ ဝါးးး "
ငယ် ,ကတော့ ထုံးစံအတိုင်း တစ်ခုခုဆို မျက်ရည်လေး ဝဲ တဲတဲ..
"ဟားးး အငယ်လေးရယ် မငိုပါနဲ့ နှစ်ယောက်လုံးအောင်တာမှ ဂုဏ်ထူးတွေနဲ့ ဒီမှာကြည့် " ဟု
ဆိုကာ ဓာတ်ပုံရိုက်ထားသော အောင်စာရင်းလေးကိုပြလိုက်သည်..
"Wow ...ကိုကိုက All D ငယ်က 3D မေမေရေ ပျော်လိုက်တာ ကိုကိုရေ ဒီမှာ ကြည့်တွေ့လား တွေ့လား အဟီး ပျော်လိုက်တာ ယေ့ ယေ့ "
ငယ်တစ်ယောက်အခုကြတော့လည်းအစောနက သူမဟုတ်သလို ပျော်မြူးကာ ကောင်းကင်လက်ကိုချိန်၍ ခုန်ပေါက်နေသည်..
"ကိုကိုပြောသားပဲ ငယ့်ကို မကြောက်ပါနဲ့လို့ ကိုကိုတို့တွေဖြေနိုင်ကြတာ သိရဲ့သားနဲ့ နော် အကို"
ငယ် ၏ လက်လေးကိုကိုင်ထားလျက်ပင် ကောင်းကင် စကားပြောနေမိသည်..
"ဒါပေါ့ကွ ကဲဘာလိုချင်ကြလဲစဉ်းစားထား ပြီးရင်ဖုန်းဆက်လိုက်အကိုက ကိုယ့်ညီတွေကိုဆုချမှာ "
ВЫ ЧИТАЕТЕ
တိုးတိုးတိတ်တိတ် [Completed]
Любовные романыUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...
![တိုးတိုးတိတ်တိတ် [Completed]](https://img.wattpad.com/cover/262692095-64-k983170.jpg)