Part 7 (Uni)

3K 204 10
                                    

တိုးတိုးတိတ်တိတ်

အပိုင်း(၇)

Unicode

ငယ်ဆုံးသွားပြီးနောက် မေမေလည်း နှလုံးရောဂါ ကြောင့် အိပ်ရာထဲလဲကာ အတော်ကိုဆေးကုယူ နေရသည် ၊ ဖေဖေ လည်း မိသားစုမှာအိမ်ထောင်ဦးစ​ီးဖြစ်တာတစ်ကြောင်း Dynasty Company ရဲ့ CEO တစ်ယောက် ဖြစ်တာကတစ်ကြောင်းမို့ ဟန်ကိုယ့်ပြီးနေပေမယ့် စိတ်ပင်ပန်းနေမှု့က ဖေဖေ့မျက်နှာတွင် ပေါ်လွင်နေသည်။ကျွန်တော်တို့ပျော်ရွှင်စရာ မိသားစု အသိုက်အမြုံ လေးကိုယခု လိုပူဆွေး သောကရောက်ပြီး သေကွဲ ကွဲအောင်ဖြစ်စေခဲ့တဲ့ အဓိက တရားခံနှစ်ယောက်ကိုတော့ လက်စားမချေရမချင်း လုံးဝကို မကျေနပ်နိုင်..ကျွန်တော်တို့ မိသားစု ခံစားရသလို သူတို့မိသားစုတွေလည်း ခံစားရမှ ကျွန်တော် ကျေနပ်မည်။ဒါကြောင့် ကျွန်တော် ဗျူဟာ တွေကိုသေချာ တွက်ချက်ပြီး အသုံးချတတ်ဖို့လိုလိမ့်မည် ..

"ကိုကောင်းရေ More Company က Capital Project အတွက် Design ပိုင်းဆွေးနွေးဖို့ တာဝန်ရှိသူ တွေ Lobby မှာရောက်နေပါတယ် အဲ့တာ အကြောင်းကြားတာပါရှင့် "

Intercom မှ မသီရိ ၏အကြောင်းကြားချက်ကိုကောင်းကင် ကြားလိုက်သည် ၊ဟုတ်ပါတယ် ဒါ သူ့ရဲ့ ဗျူဟာထဲက တစ်ကွက် ပေါ့..

"ကောင်းပါပြီ မသီရိ ဧည့်သည်တွေကို ဝင်လာခိုင်းလိုက်ပါ "

ညီသက်တန့် Lobby မှာ ထိုင်စောင့်နေရင်း အခန်း အပြင်အဆင်ကို အကဲခတ်နေမိသည် ၊ ဒါ တစ်ချိန်က ငယ် အကြမ်းထည် ဆွဲပြခဲ့ဖူးသော Design အတိုင်းပါလား ဪ ညီရယ် ချစ်တတ်လိုက်တာ ဆုံးသွားတဲ့ ငယ့် ရဲ့ ဆန္ဒ တွေကိုလက်တွေ့အကောင်အထည်ဖော် ပေးနေတာပဲ၊ ကျေးဇူးပါ ညီရယ် ကိုယ်ကသာ အဖြစ်မရှိတဲ့ လူတစ်ယောက်ပါ ကိုယ်ချစ်တဲ့သူကိုလည်း ထုတ်ဖော်မပြောရဲ ကိုယ့်အပေါ် ချစ်တဲ့သူကိုမကာကွယ် မစောင်ရှောက်နိုင်ခဲ့ဘူး ၊ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့..

"တွေ့ရတာ ဝမ်းသာပါတယ် ကိုညီသက်တန့် ကျွန်တော် တို့ စိတ်သစ်လူသစ်နဲ့ Capital Projectအတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ကြတာပေါ့ "

ကောင်းကင် မျက်နှာကို အချိုသာဆုံး ပြုံးကာ နှုတ်ဆက်လိုက်သည်.. သက်တန့် ကောင်းကင် ပေးလာသော လက်အားကိုင်ကာ အတော် ကို နှုတ် ဆွံအ နေမိသည် ၊ သူ့ရှေ့မှာ မတ်တပ်ရပ်နေသည့် သူကတကယ်ပဲ သူသိခဲ့ဖူးသော ကောင်းကင်ပြာလား လွန်ခဲ့သော (၅)လ ငယ် ဆုံးသွား၍ အသုဘ တွင် အဝေးကနေ သူလှမ်းမြင်လိုက်ရတုန်းက ဒီလိုမဟုတ်ခဲ့ပါ၊ အခု သူမြင်နေရသော ကောင်းကင်သည် တကယ်ကို နာမည်နှင့်လိုက်အောင် လူသားတွေအထက်မှာ ရှိသော ကောင်းကင်ပြာ မျက်လုံးပြာလေးရယ် ဆံပင်အပြာရောင်လေးနှင့် ညာဘက်နားတွင် လည်းနားကွင်းလေးဖြင့် ရွှေဝါရောင်မျက်မှန်လေးတပ်ဆင်ထားလျှက် တကယ့်ကို နတ်သားအလား...

တိုးတိုးတိတ်တိတ် [Completed]Место, где живут истории. Откройте их для себя