တိုးတိုးတိတ်တိတ်
အပိုင်း(၉)
Unicode
Moris Hotel ဖွင့်ပွဲ၌
ကောင်းကင်ပြာ အဖေဖြစ်သူ ဦးထင်ကျော် က သူ၏ မိတ်ဆွေစီးပွါးရေး လုပ်ငန်းရှင်တစ်ချို့ နှင့် မိတ်ဆက်ပေးနေ၍ စကားပြောနေစဥ် တွေ့လိုက်ပါပြီ ငွေမျှင်ရောင် ဂါဝန် ရှည် ဝတ်ဆင်လျှက် ညီသက်တန့်၏ လက်မောင်းကို တွဲချိတ်ကာ လမ်းလျောက် ဝင်လာသော ကလျာဝင့်အောင်
"ဟေး ကောင်း မတွေ့တာကြာပြီနော် ဆယ်တန်းအောင်ပြီးထဲ နင် ကျောင်းသွားတက်နေလိုက်တာ ခုမှ ပြန်ဆုံရတယ် ငါ့သူငယ်ချင်းက အခုထိ လန်းနေဆဲပါလား ၊ ငါ့ ကိုကို သက်တန့်ကိုတော့ နင်သိပြီးမှတ်လား ငါတို့ မဂ္လာဆောင်ရင်လည်း နင်တက်ဖြစ်အောင်တက်ရမယ်နော် ကောင်း "
ကလျာ တစ်ယောက် ကောင်းကင်ပြာ အားတွေ့တာနဲ့ သူ 'ငယ့် 'အပေါ် ဘာအပြစ်မှမလုပ်ထားသလို နှုတ်ဆက်လိုက်သည်၊ ဘေးမှ သက်တန့်က တော့ ဘာမှဝင်ပဲ ငြိမ်ပြီးမတ်တပ်ရပ်နေလျက်...
"မင်း လည်းကျောင်းတုန်း ကထက်အများကြီး ပိုလှ လာပါတယ် ကလျာ ဒါကြောင့်မို့လည်း ကိုညီသက်တန့် လို လူမျိုး နဲ့ချစ်သူဖြစ်ခွင့်ရတာပေါ့ လိုက်ဖက်ညီပါတယ် နှစ်ယောက် လုံး မဂ္လာဆောင် ဖြစ်ရင်တော့ ဖိတ်လိုက်ပါ ကိုယ့်ဆရာ ဖြစ်ခဲ့ဖူးသူနဲ့ သူငယ်ချင်း ရဲ့ ပွဲကိုလာဂုဏ်ပြု ရမှာပေါ့ "
ကောင်းကင် မျက်နှာကို အတည်ငြိမ်ဆုံးပြုံးကာ ပြန်စကားဆို မိသည် စိတ်ထဲတွင်တော့ ဒင်း တို့နှစ်ယောက် ကြောင့် ငယ် သေသွားခဲ့ရတာ သစ္စာဖောက် နှစ်ယောက် မင်းတို့ မပျော်ရွှင်ရစေဘူး မှတ်ပါ မကြာတော့ပါဘူး မင်းတို့ တွေ ကျရှုံးတော့မှာ အဲ့အချိန် အခုလို ပျော်နေနိုင်မလား စောင့်ကြည့်နေမယ်...
"ဟုတ်ပါပြီ ကောင်းရယ် ၊ ကောင်း လည်း မငယ်တော့ဘူးနော် ချစ်သူတွေ ဘာတွေ ရနေပြီလား မိတ်ဆက်ပေးဦးနော် "
ကလျာ ထိုသို့မေးလိုက်တော့ ညီသက်တန့် လည်း ကောင်း ဘယ်လိုများဖြေလိမ့် မလဲဆိုတာ နားစွင့်နေသည်..
![](https://img.wattpad.com/cover/262692095-288-k983170.jpg)
BINABASA MO ANG
တိုးတိုးတိတ်တိတ် [Completed]
RomanceUnicode ဖခင်ဖြစ်သူမရှိတော့၍ မိခင်ကျောင်းဆရာမနှင့်သာနှစ်ယောက်အတူနေထိုင်ပြီး မိမိကျောင်းစရိတ်အတွက် ကိုယ်တိုင် ပညာသင်စရိတ်ရှာကာကျောင်းတက်နေသည့်ရိုးသားကြိုးစားတဲ့ ဂိုက်ဆရာလေးနှင့် သူ့တပည့်အမြွှာညီအစ်ကိုလေးတို့ကြား မိန်းကလေးတစ်ယောက်ရောက်လာသောအခါဘာတွေဆက်ဖ...