Part 9 (ZG)

1.6K 78 0
                                    

တိုးတိုးတိတ်တိတ်

အပိုင်း(၉)

Zawgyi

Moris Hotel ဖွင့်ပွဲ၌

ကောင်းကင်ပြာ အဖေဖြစ်သူ ဉီးထင်ကျော်  က သူ၏ မိတ်ဆွေစီးပွါးရေး လုပ်ငန်းရှင်တစ်ချို့ နှင့် မိတ်ဆက်ပေးနေ၍ စကားပြောနေစဉ် တွေ့လိုက်ပါပြီ ငွေမျှင်ရောင် ဂါဝန် ရှည် ဝတ်ဆင်လျှက် ညီသက်တန့်၏ လက်မောင်းကို တွဲချိတ်ကာ လမ်းလျောက် ဝင်လာသော ကလျာဝင့်အောင်

"ဟေး ကောင်း မတွေ့တာကြာပြီနော် ဆယ်တန်းအောင်ပြီးထဲ နင် ကျောင်းသွားတက်နေလိုက်တာ ခုမှ ပြန်ဆုံရတယ် ငါ့သူငယ်ချင်းက အခုထိ လန်းနေဆဲပါလား ၊ ငါ့ ကိုကို သက်တန့်ကိုတော့ နင်သိပြီးမှတ်လား ငါတို့ မဂ္လာဆောင်ရင်လည်း နင်တက်ဖြစ်အောင်တက်ရမယ်နော် ကောင်း "

ကလျာ တစ်ယောက် ကောင်းကင်ပြာ အားတွေ့တာနဲ့ သူ 'ငယ့် 'အပေါ် ဘာအပြစ်မှမလုပ်ထားသလို နှုတ်ဆက်လိုက်သည်၊ ဘေးမှ သက်တန့်က တော့ ဘာမှဝင်ပဲ ငြိမ်ပြီးမတ်တပ်ရပ်နေလျက်...

"မင်း လည်းကျောင်းတုန်း ကထက်အများကြီး ပိုလှ လာပါတယ် ကလျာ ဒါကြောင့်မို့လည်း ကိုညီသက်တန့် လို လူမျိုး နဲ့ချစ်သူဖြစ်ခွင့်ရတာပေါ့ လိုက်ဖက်ညီပါတယ် နှစ်ယောက် လုံး မဂ္လာဆောင် ဖြစ်ရင်တော့ ဖိတ်လိုက်ပါ ကိုယ့်ဆရာ ဖြစ်ခဲ့ဖူးသူနဲ့ သူငယ်ချင်း ရဲ့ ပွဲကိုလာဂုဏ်ပြု ရမှာပေါ့ "

ကောင်းကင် မျက်နှာကို အတည်ငြိမ်ဆုံးပြုံးကာ ပြန်စကားဆို မိသည် စိတ်ထဲတွင်တော့ ဒင်း တို့နှစ်ယောက် ကြောင့် ငယ် သေသွားခဲ့ရတာ သစ္စာဖောက် နှစ်ယောက် မင်းတို့ မပျော်ရွှင်ရစေဘူး မှတ်ပါ မကြာတော့ပါဘူး မင်းတို့ တွေ ကျရှုံးတော့မှာ အဲ့အချိန် အခုလို ပျော်နေနိုင်မလား စောင့်ကြည့်နေမယ်...

"ဟုတ်ပါပြီ ကောင်းရယ် ၊ ကောင်း လည်း မငယ်တော့ဘူးနော် ချစ်သူတွေ ဘာတွေ ရနေပြီလား မိတ်ဆက်ပေးဦးနော် "

ကလျာ ထိုသို့မေးလိုက်တော့ ညီသက်တန့် လည်း ကောင်း ဘယ်လိုများဖြေလိမ့် မလဲဆိုတာ နားစွင့်နေသည်..

"အချိန်တန်ရင် တော့ သိမှာပေါ့ "

ကောင်းကင် မျက်လုံးလေး တစ်ဖက် မှိတ်ကာ ဖြေ လိုက် သည်
.
.
သက်တန့်တစ်ယောက် ကောင်းကင်လှုပ်ရှားပုံ ပြောပုံလေးတွေလိုက်ကြည့်မိနေသည် အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား နိုင်ငံခြားသားပုံစံ ပေါက်သော လူတစ်ယောက်နှင့် ပြုံးရွှင်ကာစကားပြောနေပုံ က ပကတိ ရိုးရှင်းပြီးမြင်သူတကာ ချစ်ခင်စေမည့် ပုံ ထိုသူသည်လည်း ကောင်းကင်၏ ခေါင်းလေးကာ ပုတ်ကာ ဖြင့် ဟက်ဟက် ပက်ပက် ရယ်မောနေသည် သက်တန့် ဘယ်လိုမှ ထိုမြင်ကွင်းကို ဆက်ရပ်ကြည့်ဖို့် မခံစားနိုင်တော့ သည်မို့ ဘေးနားမှာ ချထားဝိုင် တစ်ခွက်လုံးကို ကုန်အောင် သောက်ပစ်လိုက်သည် ၊ ကောင်းကင် လည်း ခနအကြာ မလှမ်းမကမ်းသက်တန့် ဝိုင်ခွက်ကို သောက်လိုက် တယ်မြင်တာနဲ့ စကားရပ်ပြောနေသော ကိုကျော်ရဲခေါင် ကိုနှုတ်ဆက်တာ လက်ထဲက သောက်လက်စ ဝိုင်ခွက်လေးကိုင်ကာ သက်တန့် စီ လမ်းလျှောက်လာလိုက်သည် ၊ သက်တန့်လည်း သုံးခွက်မြောက် သောက်ပြီးချိန် အိမ်ပြန်ရန် လှည့်အထွက် ကောင်းကင် နှင့်တိုက်မိကာ ကလျှာ နှင့်ဆင်တူ ဝတ်လာသော ငွေမျှင်ရောင် ကုတ်အကျီ၌ အနီရောင် ဝိုင်တို့ စွန်းထင်းလို့...

"ဟာ ဆောရီး အကို ကျွန်တော် ရုတ်တရက် လက်ချော်သွားလို့ပါ "

ကောင်းကင် လည်း တောင်းပန်စကားဆိုလိုက်သည် ။

"ရပါတယ် ညီ ၊ ကိစ္စမရှိပါဘူး အကိုလည်း ပြန်တော့မှာ ပဲ "

"အာ..ဘာလို့ ကိစ္စမရှိရမှာလဲ ၊ ကျွန်တော်ကြောင့် ဖြစ်သွားတာ ကျွန်တော်ပဲဖြေရှင်းပေးပါရစေ Hotel ဖွင့်ပွဲမို့ အားပေးတဲ့အနေနဲ့ ကျွန်တော် ၁၁ လွှာ မှာ အခန်းယူ ထားတာ အကိုအဆင်ပြေရင် ခနလိုက်ခဲ့ပါလား အကျီခြောက်တော့မြှပန်ပေါ့ ဒီလို စွန်းနေတာ တစ်ကယ်အားနာလို့ပါ "

"ကောင်းပြီလေ ကိုယ်လိုက်ခဲ့ပါ့မယ် "

သက်တန့်လည်း ကောင်းကင်နဲ့ စကားမပြောဖြစ်တာကြာနေတာရယ် ခေါင်းထဲမူးရီရီ ဖြစ်လာတာနဲ့ မငြင်းတော့ပဲ ကောင်းပင် ခေါ်ရာ နောက်သို့ လိုက်သွားလိုက်သည်။
ကလျာ တစ်ယောက် Toilet ကလည်း ပြန်ထွက်လာတော့ ကိုကို့ ကို ရှာမတွေ့ Msg ဝင်လာလို့ ဖတ်ကြည့်တော့ 'နေသိပ်မကောင်းလို့ အိမ်အရင်ပြန်သွားဖြစ်ကြောင်း ၊ ဒီနေ့တော့ ကိုယ့် ဘာသာ ပြန်လိုက်ရန် လိုက်မပို့ကြောင်း ' ဖတ်လိုက်
ရသဖြင့် ကိုယ်ခနလေး ပြန်လာတဲ့အချိန်တောင် သူက ဂရုမစိုက်ဘူးမှတ်လား..ဒေါသ ထွက်ကာ Club သို့သွားရန်သာ ထွက်လာတော့သည်

"လာ အထဲဝင်လေ အကို အကျီက အခြောက်လျော်တာ သိပ်မကြာပါဘူး၊ ကျွန်တော် တော့ ငြီးစိစိ ဖြစ်လို့ ရေချိုးလိုက်ဦးမယ် အေးဆေးသက်သက်သာသာ ခနစောင့်နေဦးနော် "

ကောင်းကင် သက်တန့် အား ကြိုယူထား Hotel အခန်းအတွင်းသို့ ခေါ်လာကာ ခနအနားယူစေလိုက်သည် ၊ ရေချိုးပြီးနောက် ရေချိုးခန်း အတွင်းရှိ မှန်ကို ကြည့်ကာ တစ်ချက် မဲ့ပြုံး ပြုံးလိုက်သည်။

သက်တန့် ကောင်းကင် ရေချိုးနေသည်အား စောင့်နေရင်း မိမိ ခန္ဓာကိုယ်က ပူလာကာ တစ်ခုခုကို လိုအပ်လာသလို ခံစားလိုက်ရသည်၊ ထိုအခိုက် ရေချိုးခန်း တံခါးပွင့်လာပြီး ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာ ဖြင့် ခါးတွင်သပတ်အဖြူ သာပတ်ထားသော ကောင်းကင်ကို မြင်လိုက်သောအခါ စိတ်ကိုချုပ်တီးလို့ မရတော့ပေ...

" ကိုယ် .. ကိုယ် ရေချိုးခန်း ခနသုံးမယ်နော် ညီ "

သက်တန့် မိမိ ၏ လိုချင်တပ်မက်စိတ်ကိုထိန်းကာ ရေ ချိုးခန်းသို့သွားပြီး ကိစ္စကို ဖြေရှင်းရန် ကြံတော့သည်...

" ဘာဖြစ်လို့လဲ အကို ၊ အကို့ ကြည့်ရတာ နေမကောင်းချင်နေတာ လား ချွေးတွေလည်း ပြန်လို့ "

ကောင်းကင် သက်တန့်၏ ဟနေသော ရင်ဘက် ကိုမထိတထိ ထိကာ စကားဆိုလိုက်သည်...
.
.
To be continued...

တိုးတိုးတိတ်တိတ် [Completed]Место, где живут истории. Откройте их для себя