နှင်းတွေ မြိုင်မြိုင်ကျရောက်နေသော မနက်ခင်းက အေးစိမ့်ကာ နေချင်စရာတစ်စက်မှမရှိ..
နေရာတိုင်းမှာ ဖုံးလွမ်းနေသော နှင်းလွှာများကြောင့် ပတ်၀န်းကျင်တစ်ခွင်က ဖြူဖွေးလို့...လမ်းလျှောက်လိုက်တိုင်း ထိုအဖြူရောင်နှင်းထုထဲနှစ်၀င်သွားတဲ့ ခြေထောက်မှ အအေးဓာတ်က
စိမ့်ခနဲ~
ကျရောက်လာတဲ့ နှင်းပွင့်ကလေးများကလည်း လေတစ်ချက်ဝေ့တိုင်း မျက်နှာပေါ်လာထိကပ်နေပြန်တော့ အအေးဓာတ်က ပြောစရာကိုမလိုအောင်
ခဲတော့မယ့်အအေးမျိုးပင်~လက်အိတ် ခေါင်းစွပ်တွေ ၀တ်ထားသော်လည်း ထိုအရာတွေက အခုချိန်မှာ သူမကို နည်းနည်းလေးမှ နွေးထွေးမှုမပေးနိုင်...
ပိုလို့တောင် အအေးစိတ်လာတဲ့အတွက် အေးနေတဲ့ ခြေထောက်ကိုလည်း မမှုနိုင်တော့ဘဲ အလျင်အမြန်သာ ဘတ်စ်ကားမှတ်တိုင်သို့လျှောက်လာလိုက်တော့သည်။"အာအီးဂူး အေးလိုက်တာ!"
ဘတ်စ်လည်းမရောက်သေးတာနဲ့ ထိုင်ခုံမှာထိုင်ပြီးစောင့်နေလိုက်မယ်လို့သာ တွေးရင်း အနောက်ကခုံတွင် ၀င်ထိုင်လိုက်သည်။
အရှေ့တွင်ကျလာသော နှင်းပွင့်များက
ထိရက်ချင်စရာမရှိ~အေးတာကိုး!
တစ်ခွင်လုံးဖြူဖွေးကာနေပေမယ့် မနက်ခင်းနေရောင်ခြည်က စကာ ရောင်ခြည်သမ်းကာ နေလေတော့ အအေးပင်သက်သာသွားသလိုလို~
ဘတ်စ်မှတ်တိုင်ရဲ့ တစ်ဖက်မှာရှိနေတဲ့ ချယ်ရီပင်ကြီးကလည်း နှင်းတွေနဲ့သာ အုပ်လွှမ်းနေကာ မသိရင် ရွက်ခြောက်ပင်ကြီးကဲ့သို့ပင်~
အအေးပိုသော ဒီနှစ်ကျမှ အလုပ်တွေက
တန်းစီလို့ပင်
ဒီအချိန်ဆို ပုံမှန် အိပ်ရာလေးထဲ အိပ်နေရမှာကို
အခုတော့ လူသွားလူလာ သိပ်မရှိသေးတဲ့ အချိန်ကိုမှ လာခိုင်းတဲ့ အထက်ကလူကြီးကို ကောက်သာထုပြစ်လိုက်ချင်သည်။တကယ်ကို လူပျိုကြီးဆိုတဲ့အတိုင်း နည်းနည်းမှ
အလျှော့မပေးဟူး~~
အစကတည်းက မနက်အစောပိုင်းဆို လူသွားလူလာနည်းတဲ့ သူမတို့ဂွမ်ဂျူမြို့လေးက
အခုချိန်မှာလည်း လူမရှိ
ဘေးဘီလှည့်ကြည့်မိလိုက်တော့ သူမလိုပဲ အနွေးထည်အထူကြီး၀တ်ကာ တစ်ဖက်က ခုံအစွန်းမှာ အိပ်နေတဲ့ သူတစ်ယောက်ကို တွေ့တော့ ဒီလိုအေးနေတဲ့အချိန်မှာ သူမို့အိပ်နေနိုင်မှန်း အံ့ဩမိသည်။

YOU ARE READING
Stolen Sweetheart
Romansaပေါ့ပေါ့ပါးပါး fictionလေးတစ်ပုဒ်ပါ💓 yoongi×oc _Start_ 21.7.2021(Wednesday) _End _ 7.3.2022(Monday)