ရေနံဆီ မဝယ်နိုင်တဲ့ မိန်းကလေး

120 28 1
                                    



တရုတ်နိုင်ငံက ရွာတစ်ရွာမှာ ရက်ကန်းရုံတစ်ရုံရှိတယ်။ ရက်ကန်းရုံဆိုတာ အထည်တွေရက်တဲ့နေရာဆိုတာ သိမှာပါ။ အဲဒီ ရက်ကန်းရုံမှာလုပ်တဲ့ မိန်းကလေးတွေဟာ ရွာထဲမှာ အိမ်လေးတစ်လုံးငှားပြီး နေပါတယ်။ မိန်းကလေးငါးယောက်ရှိတဲ့အနက် တစ်ယောက်ဟာ တော်တော်လေးဆင်းရဲပါတယ်။ ဆင်းရဲဆို သူရသမျှလုပ်ခတွေကို အဝေးရွာတစ်ရွာမှာ ကျန်ခဲ့တဲ့ မိအိုဖအိုတွေဆီ အမြဲလိုပို့ပေးနေရတော့ သူသုံးဖို့ မကျန်တော့ဘူးပေါ့။ ကလေးမလေးဟာ ပိုက်ဆံမကျန်သလောက် ဖြစ်နေတာမို့ သူတို့စုပေါင်းနေတဲ့အိမ်ရဲ့ ရေနံဆီဖိုးကို မထည့်နိုင်ပါဘူး။ ညဘက်မီးထွန်းဖို့က ရှေးတုန်းက ရေနံဆီရှိမှလေ။ ရေနံဆီရှိမှ မီးခွက်ထဲထည့်ပြီး မီးထွန်းရတာကိုး။

ရေနံဆီဖိုး မထည့်နိုင်တာကြာတော့ ကျန်တဲ့မိန်းကလေးတွေက သူ့ကိုငြူစူလာကြပြီး အိမ်ကနေ နှင်ထုတ်ကြတယ်။ နှင်ထုတ်ခံရတဲ့ မိန်ကလေးက သူ့ကိုနှင်မထုတ်ဖို့ ကျန်မိန်းကလေးတွေကို အကြိမ်ကြိမ်အခါခါ တောင်းပန်ပါတယ်။ ဒါပေမယ့် မရဘူး။ ကျန်မိန်းကလေးတွေက သူတောင်းပန်တာကို လက်မခံဘဲ ညတွင်းချင်းအိမ်ကလေ ထွက်သွားဖို့ကိုသာ ဇွဆ်အတင်းပြောကြတယ်။

ဒါနဲ့ ဆင်းရဲတဲ့မိန်းကလေူဟာ အိမ်ကနေထွက်သွားဖို့ အထုပ်အပိုးပြင်ပါတယ်။ သူ့အဝတ်အစားတွေကို အိတ်တစ်လုံးထဲထည့်၊ အိပ်ရာလိပ်ကိုပါ လိပ်ထည့်ပြီး အိမ်ကမထွက်ခင်မှာ သူ့အဖော်တွေဘက် လှည့်ပြီး အခုလို ပြောလိုက်တယ်။

"အစ်မတို့… ကျွန်မတစ်ခု ရှင်းပြချင်ပါတယ်… ဟုတ်ပါတယ်… ကျွန်မဟာ ရေနံဆီဖိုး မတတ်နိုင်ပါဘူး… ဒါကြောင့် ညဘက်မှာ ရေနံဆီမီးအိမ်ထွန်းဖို့ အစ်မတို့ပဲ အကုန်အကျ ခံကြရပါတယ်… အဲဒီလို ရေနံဆီဖိုး မတတ်နိုင်လို့ ကျွန်မတို့နေတဲ့ အခန်းကို အမှိုက်ရှင်းတာ ကျွန်မ အမြဲလုပ်ပေးခဲ့တယ်လေ… အိပ်ရာခင်းတွေ နေပူပြတာတို့၊ အိပ်ရာခင်း ခင်းပေးတာတို့လည်း ကျွန်မပဲ လုပ်ပေးနေတာ မဟုတ်လား… ဒါနဲ့တောင် အစ်မတို့က ကွန်မကို ရေနံဆီဖိုး မထည့်လို့ဆိုပြီး အိမ်ကနေ နှင်ချချင်ကြသေးသလား… ကျွန်မတတ်နိုင်တာ ကျွန်မလုပ်ပေးနေတာပဲ … မဟုတ်လား…"

Ancient Chinese FablesWhere stories live. Discover now