တစ်နေ့မှာ ချူဆိုတဲ့အဖိုးအိုတစ်ယောက် မြစ်ကမ်းပါးအတိုင်း လေညှင်းခံရင်း လမ်းလျှောက်လာပါတယ်။ မြစ်ကမ်းဘေးတစ်နေရာရောက်တော့ လူငယ်တစ်ဦးဟာ ကလေးငယ်ဆစ်ယောက်ကို မြစ်ထဲပစ်ချဖို့ လုပ်နေတာ မြင်ပါတယ်။ ကလေးငယ်ကတော့ ကြောက်လန့်တကြားနဲ့ အော်ဟစ်ရုန်းကန်ရင်း ငိုနေတော့တယ်။
အဲဒီမှာ အဖိုးအိုက မေးလိုက်ပါတယ်။
အဖိုးအို ။ ။ ဟေ့… သူငယ်… ဘာဖြစ်လို့ ကလေးလေးကို ရေထဲပစ်ချဖို့ လုပ်နေတာလဲ…
လူငယ် ။ ။ သူ့ရဲ့အဖေက ရေကူးချန်ပီယံပါ… ဒါကြောင့် ဒီကလေးလည်း ရေကူးထူးချွန်မှာပါ… ဘာမှစိုးရိမ်စရာ မရှိပါဘူး…
(ရေးသားသူ)
လူပုဝေ
YOU ARE READING
Ancient Chinese Fables
Short Storyစာရေးသူ ဘဘသက် မြန်မာပြန်ဆိုထားတဲ့ တရုတ်ရှေးဟောင်းပုံပြင်များ ဖြစ်ပါတယ်... ပုံပြင်လေးများကို နှစ်သက်သူတွေအတွက် ကောင်းနိုးရာရာ ရွေးထုတ်ပေးသွားပါမယ်... ရှေးပုံပြင်များ ရေးသားခဲ့တဲ့ စာရေးသူတစ်ဦးချင်းကို လေးစားစွာဖြင့် credit ပေးပါတယ်...