လှေနံဓားထစ်ဆရာကြီး

531 61 0
                                    






မြစ်ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ခရီးသည်တင်ကာ ကူးတို့ပို့နေတဲ့ ချူဆိုတဲ့ အမျိုးသားကြီးတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာ ခရီးသည်နှစ်ယောက်ကိုတင်ပြီး မြစ်တစ်ဖက်ကမ်းကို လိုက်ပို့နေတုန်း သူရဲ့ဓားမ ရေထဲကို ကျသွားပါတယ်။ ဓားမ ရေထဲကျသွားတာနဲ့ ကူးတို့သမားကြီးက ချက်ချင်းပဲ ခါးမှာထိုးထားတဲ့ ဓားမြှောင်ငယ်ကို ဆွဲထုတ်ကာ လှေရဲ့နံဘေး သစ်သားကို ထစ်လိုက်ပြီး အမှတ်အသားပြုလိုက်ပါတယ်။ ပြီးတော့

"ဒါ ငါ့ဓားမကျတဲ့ နေရာပဲ… ခရီးသည်ပြန်ပို့ပြီး ပြန်လာမှ… ငါဓားနဲ့ ထစ်ထားတဲ့နေရာ အောက်မြစ်ရေထဲမှာ… ငါ့ဓားမကို ရေငုပ်ရှာရမယ်…"

လို့ တစ်ကိုယ်တည်း ပြောလိုက်တယ်။

ဒါနဲ့ ခရီးသည်ပြန်ပို့ပြီးပြန်လာ၊ ဒီဘက်မြစ်ဆိပ်ရောက်တော့ ကူးတို့သမားကြီးဟာ သူလှေနံဓားထစ်ထားတဲ့နေရာရဲ့ ရေထဲကိုဆင်းငုပ်ပြီး ဓားမကို လိုက်ရှာတယ်။ လှေက ရွေ့နေတာဆိုတော့ လှေဆိုက်တဲ့နေရာမှာ လှေနံဘေးက ဓားထစ်ထားတဲ့နေရာကို အမှန်ယူပြီး ဆင်းရှာလို့ကတော့ သူ့ဓားမကို ဘယ်တော့မှပြန်တွေ့ရမှာ မဟုတ်ဘူးဆိုတာ ကူးတို့သမား မသိရှာပါဘူး။








(ရေးသားသူ)

လူပုဝေ








Ancient Chinese FablesWhere stories live. Discover now