အစားအေသာက္၊ အေနအထိုင္၊ အေလ့အက်င့္

108 28 0
                                    


တစ္ေန႔မွာ လူၿမိဳ႕ေတာ္ရဲ႕ ဆင္ေျခဖံုးတစ္ေနရာကို ပင္လယ္ဇင္ေရာ္တစ္ေကာင္ မ်က္စိလည္လမ္းမွားၿပီး ဆင္းသက္မိလာပါတယ္။ အဲဒီဆင္ေျခဖံုးမွာေနထိုင္တဲ့ လူၿမိဳ႕စားႀကီးက စင္ေရာ္ကို သူ႔စံအိမ္ထဲကို ေခၚသြားၿပီး က်က်နနေကြ်းေမြး ျပဳစုပါတယ္။ သူစားေနက် ေကာင္းေပ့ညြန္႔ေပ့ဆိုတဲ့ အစာေတြေကြ်း၊ ဂီတသံေတြနဲ႔ေဖ်ာ္ေျဖ၊ ယိမ္းသမေတြနဲ႔ ကျပ စသည္ျဖင့္ေပါ့။

ဒါေပမယ့္ ပင္လယ္ဇင္ေယာ္ဟာ မိႈင္ေတြေတြ မရႊင္မပ်နဲ႔ မလန္းဘူး။ ဘယ္ေလာက္ထိ အေျခအေနဆိုးလာသလဲဆို အသားေလး တစ္တံုးေတာင္ မမ်ိဳႏိုင္ေတာ့ဘူး။ ဝိုင္ေလးတစ္ခြက္ေတာင္ မေသာက္ႏိုင္ေတာ့ဘူး။

ပင္လယ္ဇင္ေရာ္ဆိုတာ ငါးေလးေတြကို သုတ္ခနဲ အရွင္ဖမ္းစားလိုက္၊ ပင္လယ္ေလ ရွဴလိုက္နဲ႔ ေနတာေလ။ စားၿမိန္ခဲဖြယ္၊ ၾကက္ဝက္အသားနဲ႔ ဝိုင္ျဖဴဝိုင္နီဆိုတာေတြကို မွီဝဲသံုးေဆာင္တာမွ မဟုတ္ဘဲ။ သံုးရက္လည္းၾကာေရာ ေသရွာတာေပါ့။

ေရးသားသူ
ေခ်ာင္ဇု

==============================

အစားအသောက်၊ အနေအထိုင်၊ အလေ့အကျင့်

တစ်နေ့မှာ လူမြို့တော်ရဲ့ ဆင်ခြေဖုံးတစ်နေရာကို ပင်လယ်ဇင်ရော်တစ်ကောင် မျက်စိလည်လမ်းမှားပြီး ဆင်းသက်မိလာပါတယ်။ အဲဒီဆင်ခြေဖုံးမှာနေထိုင်တဲ့ လူမြို့စားကြီးက စင်ရော်ကို သူ့စံအိမ်ထဲကို ခေါ်သွားပြီး ကျကျနနကျွေးမွေး ပြုစုပါတယ်။ သူစားနေကျ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အစာတွေကျွေး၊ ဂီတသံတွေနဲ့ဖျော်ဖြေ၊ ယိမ်းသမတွေနဲ့ ကပြ စသည်ဖြင့်ပေါ့။

ဒါပေမယ့် ပင်လယ်ဇင်ယော်ဟာ မှိုင်တွေတွေ မရွှင်မပျနဲ့ မလန်းဘူး။ ဘယ်လောက်ထိ အခြေအနေဆိုးလာသလဲဆို အသားလေး တစ်တုံးတောင် မမျိုနိုင်တော့ဘူး။ ဝိုင်လေးတစ်ခွက်တောင် မသောက်နိုင်တော့ဘူး။

ပင်လယ်ဇင်ရော်ဆိုတာ ငါးလေးတွေကို သုတ်ခနဲ အရှင်ဖမ်းစားလိုက်၊ ပင်လယ်လေ ရှူလိုက်နဲ့ နေတာလေ။ စားမြိန်ခဲဖွယ်၊ ကြက်ဝက်အသားနဲ့ ဝိုင်ဖြူဝိုင်နီဆိုတာတွေကို မှီဝဲသုံးဆောင်တာမှ မဟုတ်ဘဲ။ သုံးရက်လည်းကြာရော သေရှာတာပေါ့။

ရေးသားသူ
ချောင်ဇု

Ancient Chinese FablesWhere stories live. Discover now