လူတစ်ယောက် ပုဆိန်ပျောက်သွားပါတယ်။ အိမ်နီးချင်းရဲ့ သားက ဒီပုဆိန်ကို ခိုးသွားတာလို့ သူ သံသယရှိပါတယ်။ ဒါနဲ့ အဲဒီကောင်လေး သွားလာလှုပ်ရှားတာကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။
ကောင်လေးရဲ့ မျက်နှာအနေအထားကို စောင့်ကြည့်နေပါသတဲ့။ ကောင်လေးမျက်နှာက သူခိုးမျက်နှာ ပုံပန်းလိုပါပဲ။ ပြီးတော့ ကောင်လေး ပြောတာဆိုတာကို လိုက်ကြည့်တယ်။ သူခိုး ပြောတဲ့ပုံစံလိုပါပဲ။ ဒါနဲ့ ဒီလူဟာ တထစ်ချ ယုံကြည်လိုက်ပါတယ်။ ဒီကောင်လေးဟာ င့ါပုဆိန် ခိုးတာပါပဲလို့။
တစ်နေ့ကျတော့ သူ့တဲထောင့်မှာ ပုဆိန်ကို ပြန်တွေ့လိုက်ရပါတယ်။ သူပျောက်သွားတဲ့ ပုဆိန်လေ။ အထားမှားနေတာပါ။ အဲဒီလို ပုဆိန်ကိုလည်း ပြန်တွေ့လိုက်ရရော အိမ်နီးချင်းသားရဲ့ ရုပ်ရည်ဟာ သူခိုးရုပ်၊ ပြောတာဆိုတာဟာ သူခိုးပြောပုံဆိုပုံ၊ ပုံပန်းသဏ္ဍာန် ပြုမူပုံကလည်း တကယ့်ကို သူခိုးပုံပန်းအစစ်ဆိုတဲ့ သူ့စိတ်ထဲမှာ ထင်မြင်နေတာတွေဟာ လုံးဝပျောက်ကွယ်သွားပါတယ်။
(ရေးသားသူ)
လိုင်ဇု
YOU ARE READING
Ancient Chinese Fables
Short Storyစာရေးသူ ဘဘသက် မြန်မာပြန်ဆိုထားတဲ့ တရုတ်ရှေးဟောင်းပုံပြင်များ ဖြစ်ပါတယ်... ပုံပြင်လေးများကို နှစ်သက်သူတွေအတွက် ကောင်းနိုးရာရာ ရွေးထုတ်ပေးသွားပါမယ်... ရှေးပုံပြင်များ ရေးသားခဲ့တဲ့ စာရေးသူတစ်ဦးချင်းကို လေးစားစွာဖြင့် credit ပေးပါတယ်...