အိမ်ပြောင်းတဲ့ ဇီးကွက်

523 95 0
                                    




ဇီးကွက်တစ်ကောင်ဟာ အထုပ်အပိုးတွေနဲ့ အိမ်ပြောင်းဖို့ ပြင်နေပါတယ်။ ဒါကို အိမ်နီးချင်း ချိုးက မြင်သွားပါတယ်။

ချိုး ။ ။ နောင်ကြီးဇီးကွက်... ဘယ်ကိုပြောင်းဖို့ ပြင်နေတာလဲ...

ဇီးကွက် ။ ။ ပြောင်းတော့မယ်... ကိုရွှေချိုးရေ... ဒီတောအုပ်က ငှက်တွေက... ကျွနော့်အသံကို မကြိုက်ကြဘူးလေ...

ချိုး ။ ။ အဲဒီတော့ ကိုဇီးကွက်က... ဘယ်ကိုပြောင်းမှာလဲ...

ဇီးကွက် ။ ။ ဟိုဘက်အရှေ့ပိုင်းက... တောအုပ်ကို ပြောင်းမှာပေါ့...

အဲဒီမှာ ချိုးငှက်က ဇီးကွက်ကို အခုလို ရှင်းပြလိုက်ပါတယ်။

ချိုး ။ ။ ကိုကြီးဇီးကွက်ရေ... ကိုကြီးဇီးကွက်ကို မကြိုက်ကြတာ... အသံကို မကြိုက်ကြတာလေ... ဇီးကွက်ဆိုတာကို မကြိုက်တာမှ... မဟုတ်တာ... အဲဒီတော့... ကိုကြီးဇီးကွက် ဘယ်တောအုပ်ကို ပြောင်းပြောင်း... ဒီအသံကို မပြောင်းနိုင်ရင်... ဘာမှမထူးပါဘူး...




(ရေးသားသူ)
ရှောင်ရန်




Ancient Chinese FablesOnde histórias criam vida. Descubra agora