နဂါးတစ်ကောင်ဟာ ငါးယောင်ဖန်ဆင်းပြီး လူ့ပြည်က ရေကန်ထဲ သွားပျော်မြူးပါတယ်။ အဲဒီမှာ တံငါသည်က ငါးကိုဖမ်းပြီး ငါးရဲ့မျက်လုံးကို ဖောက်ပါတယ်။ ငါးယောင်ဆောင်ထားတဲ့ နဂါးလည်း ထွန့်ထွန့်လူးပြီး နတ်မင်းကြီးကို သွားတိုင်ပါတယ်။ နတ်မင်းကြီးက
"မောင်မင်းက အဲဒီအချိန်မှာ ဘာယောင်ဆောင်ထားသလဲ…" လို့မေးပါတယ်။
ငါးယောင်ဆောင်ထားမိကြောင်း နဂါးကပြန်ဖြေတော့ နတ်မင်းကြီးက
"ဒါဆိုလည်း တံငါသည်ဖမ်းတာကို ခံလိုက်လေ… တံငါသည်ကို ဘယ်အပြစ်တင်လို့ ရမလဲ…" လို့ ပြောလိုက်ပါတယ်။
(ရေးသားသူ)
လူရှန်
YOU ARE READING
Ancient Chinese Fables
Short Storyစာရေးသူ ဘဘသက် မြန်မာပြန်ဆိုထားတဲ့ တရုတ်ရှေးဟောင်းပုံပြင်များ ဖြစ်ပါတယ်... ပုံပြင်လေးများကို နှစ်သက်သူတွေအတွက် ကောင်းနိုးရာရာ ရွေးထုတ်ပေးသွားပါမယ်... ရှေးပုံပြင်များ ရေးသားခဲ့တဲ့ စာရေးသူတစ်ဦးချင်းကို လေးစားစွာဖြင့် credit ပေးပါတယ်...