ယောက်သွားတစ်ကောင်ဟာ သူ့အခွံကိုဖွင့်ပြီး နေပူစာလှုံနေပါတယ်။ အဲဒီအချိန်မှာ စနိုက်ငှက်တစ်ကောင်က နှုတ်သီးနဲ့ ထိုးဆိတ်ပါတယ်။ ယောက်သွားဆိုတာ သူ့အခွံကို ပိတ်လိုက်ဖွင့်လိုက် လုပ်နိုင်တဲ့ သတ္တဝါဖြစ်တာကို သိမှာပါ။ ဒါကြောင့် စနိုက်ငှက်က သူ့နှုတ်သီးနဲ့ လာဆိတ်တာကို မခံဘဲ အခွံပြန်ပိတ်ပြီး နှုတ်သီးကို ညှပ်ထားလိုက်ပါတယ်။ ခပ်တင်းတင်း၊ ခပ်ပြတ်ပြတ်ကြီးကို ညှပ်ထားလိုက်တာပါ။
“ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်အထိ မိုးမရွာဘူးဆိုရင်တော့ မင်းလို ယောက်သွားကောင် သေပြီပေါ့ကွာ…” လို့ စနိုက်ငှက်က ပြောပါတယ်။
“အေး… ငါ အခွံနဲ့ ညှပ်ထားတာကိုလည်း မင်းလို စနိုက်ငှက် ရုန်းမထွက်နိုင်ရင် ဒီနေ့၊ ဒါမှမဟုတ် မနက်ဖြန်မှာ မင်းသေပြီပေါ့ကွာ…” လို့ ယောက်သွားက ပြန်ပြောကာ အခွံနဲ့ စနိုက်ငှက်ရဲ့ နှုတ်သီးကို ခပ်တင်းတင်း ညှပ်ထားပါသတဲ့။
အဲဒီအချိန်မှာပဲ ဘေးနားက ဖြတ်သွားတဲ့ တံငါသည်က ယောက်သွားကိုရော၊ စနိုက်ငှက်ကိုပါ အသာလေးဖမ်းပြီး ခြင်းထဲ ထည့်သွားပါတော့တယ်။
(ရေးသားသူ) လူရှန်
YOU ARE READING
Ancient Chinese Fables
Short Storyစာရေးသူ ဘဘသက် မြန်မာပြန်ဆိုထားတဲ့ တရုတ်ရှေးဟောင်းပုံပြင်များ ဖြစ်ပါတယ်... ပုံပြင်လေးများကို နှစ်သက်သူတွေအတွက် ကောင်းနိုးရာရာ ရွေးထုတ်ပေးသွားပါမယ်... ရှေးပုံပြင်များ ရေးသားခဲ့တဲ့ စာရေးသူတစ်ဦးချင်းကို လေးစားစွာဖြင့် credit ပေးပါတယ်...