နွားခြေရာခွက်ထဲက ငါးကြင်း

2.5K 246 5
                                    


ချောင်ဇုဟာ ဆန်ဝယ်စရာ ပိုက်ဆံတစ်ပြားမှ မရှိတော့လို့ မြေရှင်ကြီးထံ ပိုက်ဆံသွားချေးသတဲ့ကွယ်။

မြေရှင်ကြီးက ချောင်ဇုကို

" နေဦး ငါ့လူရ… ခဏနေရင် ငါ အငှားချထားတဲ့ လယ်သမားတွေ လယ်ခွန်ပိုက်ဆံ လာပို့လိမ့်မယ်… အဲဒီပိုက်ဆံတွေ ရတော့မှ မင်းကို ငါချေးမယ်… ရွှေစသုံးရာကို ချေးပါမယ် ငါ့လူရာ… ဘယ့်နှယ်တုံး သဘောကျရဲ့လား… "
လို့ ပြောလိုက်သတဲ့။

အဲဒီမှာတင် ချောင်ဇုလည်း ဗိုက်ကလည်း ဆာနေပြန်ဆိုတော့ မြေရှင်ကြီးရဲ့စကားကို မခံမရပ်နိုင်ဖြစ်ပြီး

"ကဲ… ခင်ဗျား ဟောဒီပုံပြင်ကို နားထောင်စမ်း…" ဆိုပြီး နွားခြေရာခွက်ထဲက ငါးကြင်းပုံပြင်ကို ပြောပြလိုက်ပါသတဲ့။

"မနေ့က ကျွန်တော် လမ်းလျှောက်ပြန်လာတုန်း အော်သံတစ်ခု ကြားလိုက်ရသဗျ… ဒါနဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ နွားခြေရာခွက်တစ်ခုထဲ ရောက်နေတဲ့ ငါးကြင်းတစ်ကောင်ကို တွေ့လိုက်တယ်… နွေဘက်ဆိုတော့ နွားခြေရာခွက်ထဲမှာ ရေလည်း မရှိဘူးပေါ့ဗျာ…"

အဲဒါနဲ့ ကျွန်တော်က ငါးကြင်းကို မေးလိုက်တယ်။
"မောင်ရင်… အဲဒီနွားခြေရာခွက်ထဲ ဘယ်လိုရောက်နေတာလဲ" လို့။

ငါးကြင်းက
"ကျုပ်ဇာတိက အရှေ့ပင်လယ်ကပါ… ကဲဗျာ… တောင်တောင်အီအီတွေ မေးမနေပါနဲ့… နောင်ကြီးရာ… ကျုပ်အသက်ကို ကယ်ဖို့ ရေတစ်ပုံးသာ ခပ်လာပါတော့…" လို့ ပြန်ပြောပါတယ်။

ဒါနဲ့ ကျုပ်က

"ကောင်းပါပြီဗျာ… ကောင်းပါပြီဗျာ… ဝူနဲ့ ယူနိုင်ငံရဲ့ အိမ်ရှေ့မင်းသားတွေဆီ မကြာမီ သွားလည်ဖို့ရှိတော့ အဲ့ဒီနိုင်ငံတွေဆီ သွားလည်ရင်း အနောက်မြစ်ပြင်က ရေတစ်ပုံးခပ်လာပေးပါ့မယ်…"
လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီမှာ ကိုရွှေငါးကြင်းက မခံမရပ်နိုင်ဖြစ်ပြီး

"ခင်ဗျား… ခင်ဗျားဗျာ… ကျုပ်တို့ ငါးဆိုတာ ရေရှိမှ အသက်ရှင်နိုင်တာ… ကျုပ်အသက်ရှင်ဖို့ ဘာလုပ်ရမှန်း မသိဘူးလား… ဝူနိုင်ငံတွေ ယူနိုင်ငံတွေ လုပ်မနေနဲ့… အရှေ့မြစ်ပြင်တွေ… အနောက်မြစ်ပြင်တွေ ပြောမနေနဲ့… ဘယ်လာမှာလဲ ရေတစ်ပုံး… ရေတော့ခပ်မလာဘဲ ကတိတွေသာ လျှောက်ပေးနေတယ်… ရေမရလို့ မကြာခင် ကျုပ်သေပြီး ငါးစိမ်းသည်ဗန်းထဲ ရောက်တော့မှာဗျို့…"

လို့ ကျုပ်ကို ပြန်ပြောပါသဗျ…

(ရေးသားသူ)
ချောင်ဇု

(အဟမ်း အဟမ်း… နိုင်ငံရေးတွေ ပါလာပြီ…)


Ancient Chinese FablesWo Geschichten leben. Entdecke jetzt