203 39 0
အဲဒီလူက
ရေးသားသူ
လိုင်ဇု
================================
ရွှေကလွဲလို့ ဘာကိုမှ မမြင်
မြို့လေးတစ်ခုမှာ နေထိုင်တဲ့ လုတစ်ယောက်ဟာ ရွှေဆွဲကြိုးဆွဲချင်တဲ့စိတ် ဖြစ်လာတယ်။ ဒါနဲ့ အဲဒီလူဟာ သူ့ကိုယ်သူ ကျကျနနဝတ်စား ဆင်ယင်ပြီး ဈေးကိုသွားပါတယ်။ ဈေးကိုရောက်တော့ ရွှေဆိုင်တန်းဘက်ကို လျှောက်ပြီး နီးတဲ့ရွှေဆိုင်တစ်ဆိုင်က ရွှေဆွဲကြိုးကို ဆတ်ခနဲဆွဲယူလိုက်တယ်။ ရဲက မိတာပေါ့။ ဗြောင်ကြီးလုပ်တာကိုး။ ဒါနဲ့ ရဲက မေးပါတယ်။
"လူတွေအများကြီးရှေ့မှာ… ဘာကြောင့်… ရွှေဆွဲကြိုး အလစ်သုတ်တာလဲ…"
အဲဒီလူက
"ကျနော့်မျက်စိထဲ… ရွှေဆွဲကြိုးကလွဲလို့… ဘာကိုမှ မမြင်တော့လို့ပါ…"
လို့ပြန်ဖြေလိုက်လေတယ်။
ရေးသားသူ
လိုင်ဇု
Ancient Chinese FablesWhere stories live. Discover now