ချိုးငှက်များ လက်ဆောင်ပေးခြင်း

940 144 5
                                    




တရုတ်နိုင်ငံ ဟန်တန်ပြည်နယ်မှာ နှစ်သစ်ကူးချိန်ကျရင် ချိုးငှက်တွေ ဖမ်းကြပါတယ်။ ဘာဖြစ်လို့ နှစ်သစ်ကူးချိန်မှ ချိုးငှက်ဖမ်းရသလဲဆိုရင် အဲဒီပြည်နယ်ကို အုပ်ချုပ်တဲ့ မင်းသားကို လက်ဆောင်အဖြစ် ဆက်သဖို့ပေါ့။

ဟန်ပြည်နယ်ကို အုပ်ချုပ်တဲ့ မင်းသားဟာ သူ့ကို ချိုးငှက်လက်ဆောင်ပေးတဲ့သူကို ဆုတွေအများကြီး ချီးမြှင့်ပါတယ်။ ဒါနဲ့ မင်းသားရဲ့ မိတ်ဆွေတစ်ယောက်က မေးပါသတဲ့။ ဘာဖြစ်လို့ ချိုးငှက်တွေဖမ်းပြီး လာဆက်သတဲ့သူတွေကို ဆုတွေအများကြီး ပေးရပါသလဲပေါ့။

မင်းသားက အခုလိုပြန်ဖြေပါတယ်။

“သူတို့လာဆက်တဲ့ ချိုးငှက်တွေကိ နှစ်သစ်ကူးမှာ အချုပ်အနှောင်က လွှတ်ပြခြင်းက ကျုပ်ရဲ့ အကြင်နာတရားကို ပြချင်လို့ပေါ့”


မိတ်ဆွေက…

“အရှင်မင်းသားက နှစ်သစ်ကူးမှာ ချိုးငှက်တွေကို လွှတ်ပြချင်တော့ ခင်ဗျားပြည်နယ်သူ ပြည်နယ်သားတွေက ချိုးငှက်တွေကို လိုက်ဖမ်းရတာပေါ့…. အဲဒီမှာ သေကြကျေကြရတဲ့ ချိုးငှက်တွေ အများကြီးပဲ… အရှင်မင်းသားအနေနဲ့ ချိုးငှက်တွေအပေါ်မှာ အကြင်နာတရား ပြချင်တယ်ဆိုရင် ခင်ဗျားရဲ့ ပြည်နယ်သူ ပြည်နယ်သားတွေကို ချိုးငှက်တွေ မဖမ်းရလို့ အမိန့်ထုတ်ရမှာပေါ့….” လို့ ရှင်းပြပါတယ်။


“ခင်ဗျားက ဖမ်းလာတဲ့ ချိုးငှက်တွေကို ပြန်လွှတ်ပြပြီး အကြင်နာတရား ပြချင်တာဆိုရင် ဖမ်းကြတုန်းမှာ သေကြေရတဲ့ ချိုးငှက်တွေအတွက် ဘယ်မှာလဲ အကြင်နာတရား…. မဟုတ်သေးပါဘူးဗျာ…” လို့လည်း ဆိုလိုက်တယ်။


မိတ်ဆွေရဲ့ ရှင်းပြမှုကို ကြားရတော့ မင်းသားလည်း သဘောပေါက်သွားပြီး ချိုးငှက်တွေကို မဖမ်းဖို့ အမိန့်ထုတ်လိုက်ပါတယ်။






(ရေးသားသူ) လိုင်ဇု



Ancient Chinese FablesWhere stories live. Discover now